"ပြန်လာကြပြီလား"
အိမ်ထဲဝင်ဝင်ခြင်းမေမေက luggage ဆွဲပေးကာစီကြိုသည်
Gun အရင် ဖီနပ်ချွတ်ပြီးအပေါ်ထပ်ကိုတက်လာလိုက်သည်။"သားကြီးထမင်းဆင်းလာစားနော်"
အမေကအနောက်မှလှမ်းအော်သော်ငှား Gun
အမူမဲ့အမှတ်မဲ့။အခန်းထဲဝင်ပြီးတံခါးပိတ်ဖို့အလုပ်ခံလိုက်သောလက်ကြောင့်နောက်လှည့်ကြည့်လိုက်သည်။
"ထမင်းသွားမစားဘူးလား"
"အဲ့တာ Si မေးရမှာပါ ကိုယ့်အဖေလာတုန်းလေးထမင်း
တူတူသွားစားပါလား""ဗိုက်မဆာလို့"
Gun လဲဘာမှထွေထွေထူးထူးပြောစရာမရှိတာကြောင့်
ကုတင်ပေါ်လှဲလိုက်သည်။"တကယ်လို့ GunGun ချစ်သူရှာတွေ့ရင်လဲမိတ်ဆက်ပေး
ဦးနော်"ဒီတိုင်းပြောလိုက်တာပါပဲ။
ဒါပေမယ့်သေအောင်နာကျင်တယ် နှလုံးသားတစ်ခုလုံး။
သူကဘာမြှပန်မပြောပေမယ့် ခေါင်းငြိမ့်ပြသည်။သေချာပေါက် ငါနာကျင်ရဦးမယ်....
*********
ကျောင်းဖွင့်ရက်။ကားပေါ်တွင်...
"Si......"
"Ommပြော"
"ဒီနေ့ကစပြီး PoPo ပေးတာတွေ ကျောင်းတူတူသွားတာ
တွေမလုပ်ကြရအောင်"ဘာကြောင့်လဲ?
ဘာအတွက်လဲ?
ဒါကဟိုတစ်နေ့လောက်ကတည်းကမလုပ်တော့သောကြောင့်ထူးဆန်းတယ်လို့ခံစားနေမိတာဘာဖြစ်လို့လဲ?
Mark စိတ်ထဲမေးခွန်းတွေနဲ့ဗလောင်ဆူနေလိမ့်မယ်။
နှုတ်ခမ်းပါးကတော့တစ်လုံးတစ်လေမှမထွက်လာ....."GunGun ချစ်သူရှာတွေ့နေပြီမှလား?"
"ရှာမတွေ့ပါဘူး"
"ဒါဆိုဘာကြောင့်ဒီလိုမှိုင်နေရတာလဲဘာအတွက်ဒီလ်ိုတွေလုပ်နေရတာလဲ"
"ကားရပ်လိုက်"
"ဟမ်!"
"ကားရပ်လိုက်"
Mark ကားကိုဘေးထိုးရပ်လိုက်သည်။
ကားရပ်လိုက်သည်နှင့် GunGun ကချက်ချင်းကားတံခါးဖွင့်ကာဆင်းဖို့ပြင်နေသောကြောင့် mark လှမ်းဆွဲလိုက်သည်။