Part.2(Unicode)

151 20 8
                                    

Tin Tin

💬Si အတန်းပြီးတော့မှာလား canteen မှာစောင့်နေမယ်💬

စားပွဲပေါ်တင်ထားသောဖုန်းလေးမှာတုန်ခါလာသောကြောင့်
Mark ယူလိုက်ကာ ဝင်လာသော message ကိုဖတ်လိုက်သည်။

💬အွန်း စောင့်နေလာခဲ့မယ်💬

အတန်းကပြီးတာကြာပြီ။
GunGun တို့အတန်းမပြီးလောက်သေးဘူးထင်တာနဲ့
ခုံပေါ်ခေါင်းတင်ပြီးမှေးနေတာ။

Message ဝင်လာတော့အတော်ဖြစ်သွားသည်။

စာအုပ်တွေဘောပင်တွေ လွယ်အိတ်ထဲထည့်ကာ
Canteen ကိုသွားလိုက်သည်။

Canteen ရောက်တော့ GunGun ကထိုင်နေတဲ့ခုံကနေ
လက်လှမ်းပြတယ်။

"Si ဒီမှာ"

Mark ဝင်လာလိုက်တာနဲ့ မိန်းကလေးများနှင့်အချို့
ကောင်လေးများက ပွစိပွစိနဲ့လုပ်နေကြပြန်ပြီ။

"Si ဘာစားမလဲ"

"ဟင် မမှာပေးထားဘူးလား"

"အဟီးဟီး Si ဘာစားမယ်မှန်းမှမသိတာ"

Mark ဟူးခနဲလေတစ်ချက်မှုန့်ပြီးဆိုင်တန်းတွေဖက်ကို
သွားပြီးစားစရာတစ်ခုခုဝယ်စားဖို့အလုပ်။

"Phi ဒီမှာ phi အတွက်"ဆ်ိုပြီးထမင်းနဲ့ဟင်းတစ်ပွဲလာပေးသွားသည်၊

ပြန်လာတော့ GunGun ကကုန်တောင်ကုန်တော့မယ်။

"Siကတော့ဆန်းပွင့်တာပဲ"

Mark ဒါပဲလေဆိုတဲ့အထာနဲ့မျက်ခုံးတစ်ဖက်တွန့်ပြလိုက်သည်။

"GunGun ဘာထပ်စားဦးမလဲ"

"ဘာဖြစ်လို့"

"ဝယ်ကျွေးချင်လို့"

"တော်ပြီးမစားတော့ဘူး"

Gun တင်းကားနေသောဗိုက်ကိုပုတ်ပြလိုက်သည်။
သိနေတယ် တစ်ခုခုထူးဆန်းတဲ့အနံ့တွေရနေတယ်။

"ဒါနဲ့ club.."

"အခုမှကျောင်းစဖွင့်တာဘယ်မှမသွားဘူး"

အီစီကလီရိုက်တော့မယ်ဆိုတာသိနေသော Gun က
သူမပြောခင် ကြိုပြောလိုက်သည်။

"ဟာ..လုပ်ပါ GunGun ရာ ပုံမှန်လဲသွားနေကြပဲ"

"Si!!"

Be with meWhere stories live. Discover now