My Lovely Red Ghost🎃🎃 Unicode

218 24 12
                                    

Unicode

မီးခိုးငွေ့များ တထောင်းထောင်းထနေသော ရထားကြီးတစ်စင်းသည် တောတောင်များကို ကျော်ဖြတ်ပြီး လျှင်မြန်စွာ ပြေးလွှားနေသည်။ ရထားရှည်ကြီးထဲတွင် လူသူဟူ၍ ကောင်လေးတစ်ယောက်သာပါလာ၍ ရထားရဲ့ ရှိသမျှ အတွဲအားလုံးသည် ကောင်လေး၏ နှလုံးသားကဲ့သို့ပင် ဗလာနတ္ထိ ဖြစ်နေ၏။

ရထား၏ မှန်ပြတင်းပေါက်တွင် စီးကျနေသော မိုးရေစက်များကို မြင်သောအခါ ကောင်လေး၏ မျက်ရည်များမှာ ရထား ကြမ်းပြင်သို့ ခ ခဲ့ရလေပြီ။ တစ်ချိန်က မိုးရွာကြီးထဲမှာ ကြောက်ရွံ့စွာ ပြေးလွှားရင်း ကူကယ်ရာမဲ့ ဖြစ်ခဲ့ဖူးသေးသည်။

မိုးတွေမှာ သဲကြီးမဲကြီး ရွာနေသော်လည်း ၃ နှစ်သား ကလေးလေးတစ်ယောက်ကတော့ ကြောက်ရွံ့မှု အပြည့်ဖြင့် ခြေလှမ်းတို့အား လျှင်မြန်စွာ လှမ်းခဲ့ရ၏။ နှလုံးသားဆီသို့ ထိုးစိုက်ဝင်နေသော ဓားတစ်လက်ကလည်း ခန္ဓာကိုယ်ထဲရှိ သွေးများကို လွယ်လင့်တကူ ကုန်ဆုံး သွားစေဖို့ စွမ်းနိုင်သည်။

အကူအညီ ပေးမယ့် သူများ ရှိလေမလား ဟူသော စိတ်ဖြင့် နီရဲနေသော သွေးများကို လျစ်လျူရှုကာ ပြေးရင်း မျက်ဝန်းထဲသို့ မီးရောင်များဖြင့် လင်းထိန်နေသော အိမ်လေးတစ်လုံး ၀င်ရောက်လာချိန်၌ ခြေလှမ်းတို့က ခွေလဲကျ၍ အရာအားလုံး အမှောင်အတိ ဖြစ်သွားတော့သည်။

"သေစမ်း...အားလုံး သေသွားရမှာ ဟားဟား....."

အလွန်တရာ ရက်စက်သော ဓားပြတို့ကား သွေးအေး စွာပင် သူဋ္ဌေးမိသားစုလေးအား သတ်ဖြတ်ပစ်သည်။ သေဆုံးသွားကြလေသော ထိုမိသားစုလေးအား ရက်စက်စွာပင် ဒရွတ်တိုက် ဆွဲလာပြီး မြေကျွင်းထဲသို့ ကန်ထည့်ပစ်ခဲ့ ကြသည်။

တစ်မိသားစုလုံးကို တစ်ယောက်ချင်းစီ မြေကျွင်းထဲ ထည့်နေရင်း ဘေးနားမှ အရိပ်ငယ်လေးတစ်ခု လှုပ်ရှားသွားသည်ကို ရွံရှာဖွယ် ဓားပြတွေက မြင်ဖြစ်အောင်ပင် မြင်သွားသေးသည်။

"ဟိုကလေးစုတ်က ဓားနဲ့ အထိုးခံထားရတာတောင် ထွက်ပြေးနိုင်သေးတယ်ကွာ ...... လိုက်ဖမ်းပြီး အသက်ပြင်းတဲ့ ဟာလေးကို အဆုံးသတ်ပေးမှပဲ...ဟက်"

My Lovely Red Ghost🎃🎃Where stories live. Discover now