Inquired - 1 ( U )

362 44 0
                                    

ကဲ .. နောက်ဆုံးတော့လည်း ဒီဆိုင်ပဲရောက်လာတာပါပဲလေ။

ထိုင်ခုံမှာမထိုင်ခင် ဒီဆိုင်ကောင်းကောင်းကို တချက်လောက်တော့ မျက်လုံးဝေ့ကာ အကဲခတ်လိုက်မိတယ်။ဆိုင်က Ekami လမ်းမကြီးအနီးမှာရှိတာဆိုတော့ အိမ်နဲ့လည်းနီးတယ်။ Yuri ဆီကနေတော့ ဒီဆိုင်မှာ စားချင်ကြောင်းကို ခဏခဏကြားနေရပေါင်းလည်းများပေမယ့် လာမစားဖြစ်။ အကြောင်းအရင်းကတော့ ဒီဆိုင်က တော်တော်နောက်ကျတော့မှ ဖွင့်တဲ့ဆိုင်ဖြစ်နေလို့လေ။

ဒီတခေါက်တော့ နေရာရွေးတာလည်း Yuri ပဲဆိုတော့ သွားချင်တဲ့နေရာသွားရတာမို့ အစားအသောက်တွေတောင် သူ တစ်ယောက်တည်းမှာနေလိုက်သေးတာ။

ခု စိတ်ရှုပ်ထွေးနေတာက ဘယ်နေရာကိုရောက်လာတာလဲဆိုတာကြောင့်မဟုတ်ဘဲ Yuri နဲ့ ဒီကိုလိုက်လာဖို့အထိ ဘာလို့ သဘောတူမိလဲဆိုတာကိုပဲ။ ငါးကန်တွေအမြောက်အမြားနဲ့ပတ်ပတ်လည် အလှဆင်ထားတဲ့ဆိုင်အတွင်းဘက်ကို မျက်မှောင်ကြုတ်ထားရင်း ကြည့်နေလိုက်မိတယ်။

နာမည်နဲ့လိုက်အောင်ကို ဆိုင်က ငါးကန်ကြီးထဲပဲရောက်နေသလိုလို။ဒီဆိုင်က ဆိုင်အပြင်အဆင်နဲ့အစားအသောက်ကောင်းတယ်ဆိုတာကြောင့်လည်း နာမည်သိပ်ကြီးနေတာ။ ပိုက်ဆံရှိနေပြီဆိုရင်တော့ သူငယ်ချင်းတွေနဲ့ ဒီကိုလာစားသောက်ဖြစ်တာရော တခါတလေ Pa က ခေါ်လာရင်း လာစားတတ်တော့ စားဖူးဖြစ်သား။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ
အခုအခြေအနေမှာတော့ ဘေးက ရေကန်ထဲမှာ ကူးနေတဲ့ ငါးအကြီးကြီးရယ် , Yuri ရယ် ... အပြင် ရှေ့က တဖက်အခြမ်းမှာ Phun နဲ့ Aim ကပါ ထိုင်လို့။

" Phun နဲ့ Noh ခုလိုရင်းနှီးသွားကြတာ ဝမ်းသာတယ်။စောစောသာ သိရင် ငါတို့ နှစ်တွဲလုံး Double Date တွေလုပ်ဖြစ်တာကြာပေါ့။နော် Aim ? "

Yuri ရဲ့ချိုချိုမြိန်မြိန်အသံလေးက ဘေးကနေထွက်လာတယ်။ Aim က Yuri စကားကြားပြီးတဲ့နောက်တော့ ပြန်ပြုံးပြတယ်။ Yuri ပြောတာကိုကြားပြီး နေမထိထိုင်မသာဖြစ်နေတာက ကျွန်တော်။ Phun တော့ ဘယ်လိုနေမလဲမသိ ကျွန်တော်ကတော့ ဒီလိုတွေကြားနေရတော့ တံတွေးမြိုချဖို့တောင်အနိုင်နိုင်။

Lovesick The Series (MM Translation)Where stories live. Discover now