!?

2.5K 241 14
                                    

"P'Phun အဲ့ဒါဘယ်​သူလဲ ?"

အဲ့အသံပိုင်​ရှင်​ကိုသူ​ကောင်း​ကောင်းမှတ်​မိ
ိတာ​ပေါ့ ။ အပြစ်​ကင်းတဲ့မျက်​နှာ​လေးနဲ့
မျက်​လုံးထဲမှာ​တောင်​ ဥာဏ်​များတတ်​တာ​တွေ့နေရတဲ့ ​ကောင်​မ​လေးက Phun ရဲ့​နောက်​မှာရပ်​ရင်း ​မေး​နေတယ်​။

Nong Pang !

ခုအချိန်​ အကူအညီလှမ်း​တောင်းဖို့
သိပ်​​နောက်​ကျသွားဘီလား မသိ။
သူ အဲ့ချစ်​စရာ​ကောင်းတဲ့​ကောင်​မ​လေးကို သရဲတ​ကောင်​မြင်​လိုက်​ရသလို အလန့်​တကြား
နဲ့ ကြည့်​​နေမိတယ်​။

~ အမှန်​အတိုင်း​ပြောရရင်​ အခုလက်​ရှိအ​ခြေအ​နေမှာ သရဲမြင်​လိုက်​ရတာမှ ပို​ကောင်းဦးမယ်​ ~

အဲ့အချိန်​မှာ Phun က အသက်​ခပ်​ပြင်းပြင်း တချက်​ရှူသွင်းရင်း သူ့ညီမကို ပြုံး​နေတဲ့
မျက်​နှာနဲ့လှည့်​သွားတယ်

~ သူငယ်​ချင်း ! မင်းအဲ့​လောက်​ မတက်​ကြွ​နေ
လို့မရဘူးလား ? ငါ​ကြောက်​လာဘီ ~

" ခုနက အိပ်​​တော့မယ်ဆို ?"

Phun က သူ့ညီမ​လေးကို ငြင်​ငြင်​သာသာ​မေးလိုက်​တဲ့အသံကြားတာနဲ့ သူ့မျက်​ခုံး​တွေ
တွ​န့်​သွားတယ်​။ ဘာလို့ Convent ​ကျောင်းက​ကောင်​မ​လေး​တွေ Phun ကို​ကြွေကြလဲဆိုတာ မအံ့သြ​တော့ပါဘူး ။

အဲ့အ​တွေး​တွေသူ့​ခေါင်းထဲ​ရောက်​လာတဲ့အချိန်​မှာ Phun က သူ့ညီမ​လေး​ခေါင်းကို ပုတ်​လိုက်​တယ်​။ Nong Pang အတွက်​ Phun က အရမ်း​ကောင်းတဲ့အကိုလို့ သူမြင်​မိတယ်​။

" အိပ်​မ​ပျော်​လို့ အဲ့ဒါနဲ့ Pa'ပြန်​​ရောက်​ပီလားလို့ ​အောက်​ဆင်းလာကြည့်​ရင်း  P'Phun တို့ကို​တွေ့တာ "

ပြသနာအိုး​လေးက ​သူ့ကိုစိုက်​ကြည့်​ရင်း
ပြောလာတယ်​ ။

~ Aha ! မြင်ဖူး​တယ်​လို့ထင်​တယ်​မလား ~

Nong Pang နဲ့ သူ မနှစ်​က ​ဘောလုံးပွဲတုန်းက ​တွေ့ဖူးတယ်​​။အဲ့တုန်းက Nong Pang က Phun ကို​တွေ့ဖို့လာတာ၊ သူက သီချင်း​Band နဲ့ အလုပ်လုပ်​ေ​​နရ​ေပမယ့်​လည်း သူပဲ Phun ဆီ​ခေါ်သွား​ပေးခဲ့တာ ။

Lovesick The Series (MM Translation)Where stories live. Discover now