Face to Face - 1 (U)

196 25 3
                                    


တီချယ် Mettha အတန်းလွှတ်ပေးတော့မယ့်ဆဲဆဲပဲ စားပွဲပေါ်မှာတင်ထားတဲ့ ကျွန်တော့်ဖုန်းက တုန်ခါလာတယ်။ တော်သေးတာက တစ်တန်းလုံးဆူညံပွက်လောရိုက်နေတာမို့ Iphone ရဲ့ တုန်ခါသံကို တီချယ် သတိမထားမိတာပဲ။

ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး Golf က အချိန်ကောင်းမှ ကွက်တိရောက်လာတတ်လိုက်တာလို့ တွေးမိသေး။

" ဘယ်မှာလဲ? "

" ရောက်ခါနီးနေပြီ။ ငါ့ကို လာကြိုဦးဟ "

ဘာလဲဟ? ဒီကျောင်းထွက်မဟုတ်တဲ့အတိုင်း လုပ်မနေစမ်းပါနဲ့။

" သိပ်ရယ်ရတယ်နော်။ ငါ့ကို F အဆောက်အအုံက အသင်းအခန်းမှာသာ လာတွေ့။ ငါ အကြိုပွဲအတွက် ပြင်စရာရှိတာ ပြင်ရင်း စောင့်နေမယ် အိုခေ? "

" မအိုခေဘူး! ငါ စော်ကြောင်လို့ရမယ့် တန်ဖိုးရှိတဲ့ အချိန်လေးတွေကို မင်းအတွက်နဲ့ သက်သက် ဖယ်ပေးထားရတာ။ ဖင်ကိုသာ ဂိတ်ပေါက်ဝထိ မ,လာပြီး ကြိုလှည့်တော့။ ရောက်ခါနီးပြီနော်..ခဏနေတွေ့မယ် "

သူများထက် ကောက်ချက်တွေကြိုချ ပြီးရင် မလုပ်ချင်ပါဘူးဆို အတင်း သဘောမတူတူအောင် လုပ်ခိုင်းတတ်တဲ့သူမျိုးထဲမှာ ဒီကောင်လည်း ပါတယ်။

Golf ဆီက ဝင်လာတဲ့ဖုန်းကို ချပြီးတာနဲ့ပဲ ကျွန်တော် ဂိတ်ပေါက်ဝကိုသာ ထွက်ဖို့အလုပ် မှာစရာရှိတာနဲ့ Om ကို

" Om... ငါ့အစား နည်းနည်းပါးပါး နေရာချပေးထားပါလား? ငါ လိုက်လာခဲ့မယ် "

ထုံးစံအတိုင်းပဲ နည်းနည်းလေး ပြဿနာရှာလိုက်ရမယ့် ဒီကောင်ကလည်း

" ဟ ဘာလဲကွာ? ဘယ်သွားမလို့လဲ? ငါတို့ ခဏနေ စတော့မယ်ဟာ!"

" သိတယ်။ ခဏပဲကြာမှာ။ Golf ကို သွားခေါ်မလို့..လာနေပြီဆိုလို့ "

Om က Golf နာမည်ကြားတာနဲ့ တက်တက်ကြွကြွဖြစ်သွားရင်း

" တကယ်လား? အေးအေး.. ငါ အဲ့ကောင်ကို လုပ်လို့ရအောင်လို့ မြန်မြန်သာ သွားခေါ်စမ်းပါ။ ဟိုညတုန်းက ငါ့အရက်ထဲကို ငံပြာရည်ရောထားတဲ့ကောင်! သေအောင် ငန်တာကွာ အဲ့တုန်းက။ ငါ ဒီတစ်ခေါက်တော့ လွှတ်ပေးမထားနိုင်တော့ဘူး "

Lovesick The Series (MM Translation)Where stories live. Discover now