"အထက်မှာကောင်းကင် အောက်ပြည်မှာစူးဟန်"
ဆိုတဲ့စာချိုးလေးကို သဘောတကျရေရွတ်လို့ ဝတ်ရုံလက်ကိုဆန့်ထုတ်ပြီး မိမိရဲ့နေထိုင်ရာမြို့နယ်ကနေ ခြေဆန့်ခရီးဆန့်ဖို့ ကြံရွယ်ခဲ့တယ်။
"ဦးလေး ကျွန်တော် ထုံစန်းဆိပ်ကမ်းဘက်ကိုလိုက်ချင်လို့ပါ"
"ရွှေစတစ်စ"
"ရတယ် ငွေရေးကြေးရေးကပြဿနာမဟုတ်ပါဘူး"
ခါးတွင်ချိတ်ဆွဲထားသောရူံ့အိတ်အသေးလေးထဲမှ ရွှေစတစ်စကိုထုတ်ပေးလိုက်သည်။ စာသင်ပေးသောဆရာတစ်ယောက်မှာ ပိုက်ဆံများများစားစားမရှိသော်လည်း သွားလေသူမိဘများကချန်ရစ်ခဲ့သော ပိုက်ဆံများကြောင့် မိမိသွားလိုရာနေရာသို့ ခရီးထွက်နိုင်ခြင်းပင်။
ရွက်လွှင့်သွားသောသင်္ဘောပေါ်လိုက်ပါရင်း မိမိနေရာသို့တစ်ဖန်ငေးရင်း လွမ်းဆွတ်မှုအနည်းငယ်က ထကြွလာလေသည်။
" တစ်ရွာမပြောင်းသူကောင်းမဖြစ် " ဆိုတဲ့စကားပုံအတိုင်း တစ်ပြည်တစ်ရွာသို့ လျောက်လှမ်းလာခဲ့လေတော့သည်။
"လှပတဲ့ဟန်ကျိုးမြို့ဆီ လှမ်းခဲ့ပြီပေါ့"
October 9 2020.
12:32PM."အထက္မွာေကာင္းကင္ ေအာက္ျပည္မွာစူးဟန္"
ဆိုတဲ့စာခ်ိဳးေလးကို သေဘာတက်ေရ႐ြတ္လို႔ ဝတ္႐ုံလက္ကိုဆန့္ထုတ္ၿပီး မိမိရဲ႕ေနထိုင္ရာၿမိဳ႕နယ္ကေန ေျခဆန့္ခရီးဆန့္ဖို႔ ႀကံ႐ြယ္ခဲ့တယ္။
"ဦးေလး ကြၽန္ေတာ္ ထုံစန္းဆိပ္ကမ္းဘက္ကိုလိုက္ခ်င္လို႔ပါ"
"ေ႐ႊစတစ္စ"
"ရတယ္ ေငြေရးေၾကးေရးကျပႆနာမဟုတ္ပါဘူး"
ခါးတြင္ခ်ိတ္ဆြဲထားေသာ႐ူံ႕အိတ္အေသးေလးထဲမွ ေ႐ႊစတစ္စကိုထုတ္ေပးလိုက္သည္။ စာသင္ေပးေသာဆရာတစ္ေယာက္မွာ ပိုက္ဆံမ်ားမ်ားစားစားမရွိေသာ္လည္း သြားေလသူမိဘမ်ားကခ်န္ရစ္ခဲ့ေသာ ပိုက္ဆံမ်ားေၾကာင့္ မိမိသြားလိုရာေနရာသို႔ ခရီးထြက္နိုင္ျခင္းပင္။
႐ြက္လႊင့္သြားေသာသေဘၤာေပၚလိုက္ပါရင္း မိမိေနရာသို႔တစ္ဖန္ေငးရင္း လြမ္းဆြတ္မႈအနည္းငယ္က ထႂကြလာေလသည္။
" တစ္႐ြာမေျပာင္းသူေကာင္းမျဖစ္ " ဆိုတဲ့စကားပုံအတိုင္း တစ္ျပည္တစ္႐ြာသို႔ ေလ်ာက္လွမ္းလာခဲ့ေလေတာ့သည္။
"လွပတဲ့ဟန္က်ိဳးၿမိဳ႕ဆီ လွမ္းခဲ့ၿပီေပါ့"
October 9 2020.
12:32PM.
YOU ARE READING
Ginkgo Tree [ COMPLETED ]
Historical FictionA Love Story Starts from HANGZHOU. [ Unicode + Zawgyi ] •YIZHAN• Starting Date : October 9 2020 Ending Date : October 12 2020 Birthday Present for @GodofGun28.