G - 2

3K 359 8
                                    

ချင်ရှီဟွမ်ဘုရင်လက်ထက်မှာတည်ဆောက်ခဲ့တဲ့ ဟန်ကျိုးမြို့ဟာ ကျဲ့ကျန်းပြည်နယ်မြောက်ဘက်မှာရှိတဲ့ လူမှုရေး ၊ ယဥ်ကျေးမှု ၊ ပညာရေး ၊ 。。。

ရှောင်းကျန့်မှာ ပုဝါစဖုံးလွှမ်းထားသောဝါးခမောက်လေးအား ဆောင်းလို့ ဟန်ကျိုးမြို့ရဲ့သမိုင်းကြောင်းအား တွေးတောနေရင်း မိမိအားဝင်တိုက်လာပါသောလူကြောင့်
လူသူရူပ်သောလမ်းမထက် လဲကျသွားရတော့သည်။

လမ်းလျောက်နေရင်း မတွေးတောဖို့ ကိုယ့်ကိုအကြိမ်ကြိမ်သတိပေးလည်းမရပါချေ။ ပေရေသောဖုန်တစ်ချို့အား ခါကာထတော့  မိမိအားတိုက်မိသွားသည့်လူက ထဖို့လက်ပေးနေလေသည်။

ယောကျာ်းဆိုတာမိမိအားမိမိကိုးရမည်ဟူသော ဆောင်ပုဒ်ကိုလက်ဆွဲထားသော ရှောင်းကျန့်က ကိုယ့်ဘာသာထကာ လက်နှစ်ဖက်အားစုစည်းလို့။

"ရပါတယ်​ နောင်တော် ကျေးဇူးပါပဲ "

"ကိုယ်ကဝင်တိုက်မိလိုက်တာပါ"

ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို စကားပြောရာမှာ ကိုယ်လို့သုံးလိုက်တာကြောင့် နည်းနည်းစိတ်ကသိကအောက်ဖြစ်ကာ ပုဝါခြားနေသောထိုလူရဲ့ မျက်နှာအားကြည့်မိသည်။

မိမိထက်ငယ်ရွယ်ပုံရတဲ့ထိုကောင်လေးက သုံးလိုက်တာကြောင့် ပိုပြီးမဲ့ရူံ့သွားတော့သည်။

မိမိကလည်းကျေးဇူးတင်စကားဆိုပြီး ထိုသူဖက်ကလည်းတောင်းပန်စကားဆိုပြီးတာကြောင့် နေရာမှနေလှည့်ထွက်လာတော့သည်။

ဟန်ကျိုးရဲ့ရှီးဟူ ကိုတစ်ခေါက်လောက်သွားကြည့်ဦးမှ။

တွေးလက်စအတွေးကခေါင်းထဲပြန်ပေါ်လာကာ အားရစွာဖြင့် ဘယ်လက်လက်ဖဝါးကိုညာလက်သီးဆုပ်ဖြင့်ထုမိသည်။

နှစ်ပေါင်းအတော်ကြာတဲ့ကျင်းဟန်တူးမြောင်းကလည်း ဟန်ကျိုးမြို့မှာတည်ရှိတယ်။ အတွေးတွေကအများအပြားဖြစ်လာပြီး လူကြားထဲရောက်နေသည်ကိုပင် မေ့လျော့သွားတော့သည်။

ထူးဆန်းစွာနဲ့လူရူပ်နေသောနေရာတွင် ရှောင်းကျန့်မည်သူမျှကိုထပ်မံပြီးမတိုက်မိတော့ပေ။
ညရောက်တော့မည်ဖြစ်ရာ ကျောတစ်နေရာစာလှဲဖို့အတွက် တည်းခိုခန်းရှာရတော့မည်။

Ginkgo Tree [ COMPLETED ]Where stories live. Discover now