G - 5 ( Final )

2.9K 402 30
                                    

ဘယ်လိုလူမျိုးက ဒီစကားမျိုးကို လွယ်လင့်တကူထုတ်ပြောမှာတဲ့လဲ။

"ကိုယ်ကဒီအတိုင်းပြောလိုက်တာပါ အဲ့လောက်မထိတ်လန့်ပါနဲ့ ကိုယ်သွားလိုက်ဦးမယ်"

ဒီရက်ပိုင်းအညံ့တွေဝင်နေတာလား။ ရှောင်းကျန့်တွေးတွေးဆဆနဲ့ ကျောင်းထဲသို့ဝင်လာတယ်။
စုဆောင်းထားတဲ့ငွေလေးကိုရေကြည့်တော့ မလောက်ငသေးပေမဲ့ သွားဖို့လုံလောက်နေပြီ။

ဟန်ကျိုးကနေထွက်ခွာပြီး ကျန်းနန်ကိုသွားမယ်။ လှပျိုဖြူပေါပါတဲ့ကျန်းနန်ကိုရောက်တဲ့အခါ သူ့အတွက်အိမ်ထောင်ဖက်ရှာရမယ်။ ဒီမှာဆက်နေလို့မဖြစ်ဘူး။

ဟန်ကျိုးကနေထွက်သွားဖို့ပြင်နေတာကို မသိတဲ့မြို့စားမင်းကတော့ မင်းနေပြည်တော်သို့ခရီးနှင်ကာ ဧကရာဇ်ထံအခစားဝင်နေခဲ့ပါတယ်။

အသွားအပြန်အားဖြင့်နှစ်လတာကြာမြင့်သွားတဲ့အချိန် မြို့စားမင်းကနေပြည်တော်ကနေ ဟန်ကျိုးမြို့ကို ပြန်ရောက်လာတော့သည်။ အရုဏ်ဦးအချိန်ယွင်လင်ကျောင်းကို သွားရှာသည့်အခါ မြင်နေကျပုံရိပ်အကြည်လေးက ပျောက်ချင်းမလှပျောက်နေခဲ့သည်။

တစ်ရက်တန်သည် နှစ်ရက်တန်သည် ရက်ပေါင်းအတော်ကြာမတွေ့တဲ့အခါ မြို့စားမင်းလေးက လူလွှတ်ပြီး ရှာပုံတော်ဖွင့်တော့သည်။

သူ့ရဲ့မြတ်နိုးရာအကြည်ဓာတ်လေးအား ရှာဖွေနေတဲ့အချိန် မွန်ဂိုလူမျိုးတွေက ယန်ဇီမြစ်တောင်ဖက်ခြမ်းမှာရှိတဲ့ ကျန်းနန်ကိုအပိုင်သိမ်းလိုက်တဲ့ သတင်းကမြို့စားမင်းဆီကိုရောက်လာခဲ့တယ်။

ဟန်ကျိုးမြို့စားမင်းကခရိုင်ဆယ်ခုမှာရှိတဲ့ စစ်သားတွေကိုဦးဆောင်လို့ ဧကရာဇ်အမိန့်ဖြင့်သွားရောက်နှိမ်နင်းတဲ့အခါ သူမြင်လိုက်ရသည့်ပုံရိပ်က ရင်ကိုအစိတ်စိတ်အမြွှာမြွှာကွဲကြေစေသလို။

ဘယ်အချိန်ကတည်းကထိုလူက ကျန်းနန်ကိုရောက်နေခဲ့တာလဲ။ မွန်ဂိုလူမျိုးတွေစခန်းချရာနေရာမှာ အဖမ်းခံထားရသောကျန်းနန်သားတစ်ချို့ထဲတွင် သူ့ရဲ့ပုံရိပ်အကြည်လေးပါ ပါဝင်နေခဲ့သည်။

Ginkgo Tree [ COMPLETED ]Where stories live. Discover now