G - 4

1.9K 330 9
                                    

အခုရက်ပိုင်းအတောအတွင်း ယွင်လင်ဘုန်းကြီးကျောင်းသို့ လာရောက်သူများ မသိမသာများပြားနေကြသည်။ ထိုလူထဲကတစ်ချို့တစ်ဝက်က ဆုတောင်းရန်ဖြစ်ပြီး တစ်ချို့ကတော့အသစ်ရောက်လာသည့် စာပြပေးသည့်ဆရာလေးအား စူးစမ်းလိုခြင်းဖြစ်ပေသည်။

အကြည်ဓာတ်ခံရှိသောမျက်နှာလေးက ညင်သာစွာပြုံးပြတိုင်း မိန်းမပျိုလေးတွေသာမက ယောကျာ်းသားတို့ပါ မခံရပ်နိုင်စွာပြိုလဲရပါသည်တဲ့။

စာပြပေးသည့်အတန်းအား မရမကချောင်းလို့ ထိုမျက်နှာပိုင်ရှင်လေးအား ခဏခဏခိုးကြည့်ကြပါတယ်တဲ့။
မြို့ပိုင်ရှင်ဖြစ်သောမြို့စားမင်းလေးမှာလည်း ထိုလူထဲတွင်အပါအဝင်ဖြစ်ပါတယ်။

မြို့စားမင်းလေးက မတူထူးခြားစွာ အရုဏ်ဦးအချိန်တွေလာတတ်ပါသတဲ့။ မနက်အစောတံမြက်စည်းလှဲနေတဲ့ ပုံရိပ်လေးကို လွမ်းမောစွာနဲ့အမြဲငေးနေခဲ့တာ ရက်ပေါင်းအတော်ကြာပါပဲ။

ဒီလိုနဲ့တစ်ရက်မှာတော့ဖြင့်။

ကျောင်းဝန်းထဲရှိတဲ့ဆုတောင်းပြည့်နှစ်မက်မုံပင်ကြီးမှာ   လူအတော်အများဟာ ဖူးစာရေးကြိုးလေးတွေလာချည်နှောင်ကြတယ်။

ကြိုးနီနီလေးတွေများပြားစွာတွဲလောင်းခိုနေသော မက်မုံပင်ကြီးဟာ နီရဲလှတဲ့ပန်းတစ်ပွင့်နှယ်။
စာသင်ပေးတဲ့ဆရာလေးကလည်း သိလိုစိတ်နဲ့ဘုန်းဘုန်းကိုမေးသတဲ့။

"ဆရာတော် လူအများကြီးကအဲ့အပင်ကိုဘာလို့ကြိုးနီနီတွေ ချည်နေရတာလဲ"

"ဆုတောင်းနေကြလို့ပေါ့ ဒကာလေးလည်း ဖူးစာဆုံဖို့အတွက် ကြိုးသွားချည်လှည့်ပါလား"

"မဟုတ်တာ ဆရာတော်"

"ဒကာလေးမှာ ချစ်ခင်စုံမက်တဲ့သူမရှိလို့လားကွဲ့"

"အဲလိုသဘောမျိုးပါပဲ"

"ဒါဆိုကံစမ်းကြည့်လိုက်ပေါ့"

များပြားလှတဲ့လူတွေကြားမသွားချင်တာကြောင့် လူသူကင်းသည့်ညအချိန်ကိုသာ ရွေးချယ်လိုက်သည်။
ကြိုးနီနီလေးမှာသူ့ရဲ့နာမည်အားရေးခြယ်လိုက်ပြီး စိတ်ရင်းဖြင့်ဆုတောင်းလိုက်ပြီး ချည်ဖို့အတွက်သစ်ကိုင်းကိုရှာဖွေတော့ သစ်ကိုင်းများဟာ ကြိုးနီနီတွေပြည့်ကျပ်လို့။

Ginkgo Tree [ COMPLETED ]Where stories live. Discover now