G - 3

2K 337 9
                                    

သဘာဝရူခင်းများစွာရှိသော ဟန်ကျိုးမြို့။ ယဥ်ကျေးမှုများစွာရှိကာ လမ်းပန်းဆက်သွယ်မှု နှင့် ဘဏ္ဍာရေးအဓိကကျတဲ့ဗဟိုမြို့တော်အား

အုပ်ချုပ်သောမြို့စားမင်းမှာလည်း
မြို့တော်ရဲ့လှပမှုထက် မနိမ့်ပါဘဲ တစ်နည်းတစ်ဖုံတည်ကြည်ကာဆွဲဆောင်မှုရှိပါသည့် လူတစ်ယောက်ဖြစ်လေသည်။

ထိုလူမှာမျိုးရိုးမြင့်သောလူတန်းစားများကဲ့သို့ မာန်မာနရင့်သီးခြင်းမရှိဘဲ အေးချမ်းစွာဖြင့် ဟန်ကျိုးမြို့အား တရားသဖြင့်အုပ်ချုပ်ပေးလေသည်။

ဟန်ကျိုးမြို့လက်အောက်ရှိ ခရိုင်ဆယ်ခုနှင့်ပြည်နယ်ငယ်နှစ်ခုမှာလည်း စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ ဟန်ကျိုးမြို့စားမင်းလက်အောက်၌
ငြိမ်ဆိမ်ကာ စည်းစည်းလုံးလုံးရှိနေကြသည်။

အနေအေးသောမြို့စားမင်းလေးမှာ အမြဲလိုလိုအိမ်တော်အပြင်မှာနေကာ မြို့ရဲ့အခြေအနေအား စစ်ဆေးတတ်ပါတယ်တဲ့။

ဒီနေ့သည်လည်းအရင်နေ့ရက်များလို မြို့ထဲခေါက်ယပ်တောင်လေးကိုင်ကာဖြင့် လျောက်သွားနေတုန်း။ မျက်လုံးထဲထင်ထင်ရှားရှားပေါ်လာသော လူတစ်ယောက်။

နီစွေးသောဝတ်ရုံအားဝတ်ဆင်ထားပြီး ပုဝါပါးလွှမ်းခြုံထားသည့်
ဝါးမောက်လေးဆောင်းထားပါသောလူတစ်ယောက်။

ခန္ဓာကိုယ်အချိုးအစားမှာလည်း သွယ်လျကာဝါးပင်လိုဖြောင့်တန်းနေတာကြောင့် လှပသောမိန်းမပျိုတစ်ဦးလို့ထင်မှတ်ခဲ့သည်။ အတွေးလွန်နေပုံရသောသူက ဘေးနားရှိလူများသူ့ကိုကြည့်နေတာတောင် သိမည့်ပုံမပေါ်ပေ။

ပတ်ပြေးနေသောကလေးငယ်တစ်ချို့ကြောင့် မရည်ရွယ်ပါဘဲ တိုက်မိသွားလေသည်။ ပုဝါစလစ်ဟာသွားသောအခါ မြင်လိုက်ရသည့်မျက်နှာလေးက တစ်သက်တွင်တစ်ခါတွေ့ရခဲသည့် ကြည်လင်သည့်မျက်နှာလေး။

လဲကျသွားတာကြောင့်သတိတရထူပေးမည်ဆိုကာ လက်လှမ်းပေးတော့ ကိုယ့်အားကိုယ်ကိုးကာထလေသည်။
ကျေးဇူးတင်စကားဆိုသည့် လေသံမှာချိုမြနေသလောက် အနည်းငယ်အက်ရှနေလေရာ ယောကျာ်းလေးဆိုတာ သိသွားတော့သည်။

Ginkgo Tree [ COMPLETED ]Where stories live. Discover now