"ဂျွန်ဂျောင်ဂု
ငါတို့တွဲရအောင်"
__"ဟျောင်း.. ဒီအပတ်စနေကျdateရအောင်"
"ငါမအားဘူး"
"အဲ့တာဆို တင်္နဂနွေရော"
"မအားဘူး"
"အင်းပါ ဟျောင်းအားတဲ့အခါမှပဲပေါ့"
မခံပြင်းဘူးလားဆိုတော့ခံပြင်းပါသည်။ ဒါပေမဲ့အနားမှာထားချင်ဆဲပဲမို့၊ ဒီမျက်နှာလေးကိုနေ့တိုင်းအနီးကပ်မြင်ခွင့်ရတာကပဲကောင်းကင်ဘုံလိုမျိုးမို့။
ဟျောင်းဘက်ကအရာအားလုံးကိုဟန်ဆောင်နေတာဆိုရင်တောင် ပျော်ပျော်ကြီးအလိမ်ခံဖို့ကျွန်တော်ဆုံးဖြတ်ထားပြီးသားပါ ဟျောင်း ။
___"ဂျောင်ဂု ငါပြီးခဲ့တဲ့စနေနေ့ကမင်းရဲ့ထယ်ယောင်းကိုမင်ဂျယ်နဲ့တွေ့ခဲ့တယ်"
"အင်း"
"ဘာအင်းလဲ သူမင်းကိုဒီလိုတွေလုပ်နေတာကို မင်းကဒီအတိုင်းလွှတ်ထားမလို့လား"
"မင်းသူ့ကိုသေချာမေးပြီး ရှင်းရှင်းလင်းလင်းလုပ်သင့်ပြီ
ဟျောင့်"မမေးရဲဘူး။ ပြန်ရလာမဲ့အဖြေက "ဟုတ်တယ် ငါသူနဲ့တွဲနေတာ"ဆိုတာမျိုးဖြစ်လာခဲ့ရင်.. ထွက်သွားလိုက်ရမှာ။ သူ့အနားပဲနေချင်တာ.. ငတုံးငအတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်အားလုံးကိုမသိချင်ယောင်ဆောင်ပြီးနေသွားမှာ။
နာကျင်နေပေမဲ့ဆက်လက်ဆုတ်ကိုင်ထားမည်။
လွှတ်ချဖို့ကိုသတ္တိမရှိသောကြောင့်.. ။
___လူတွေကသိပ်ကိုရူးတယ်။
ယူပါယူပါဆိုပြီးပေးနေတဲ့အချစ်တွေကိုကျမျက်ကွယ်ပြုပြီး
မပေးချင်ပါဘူးဆိုတဲ့အချစ်ကိုမှလိုချင်ကြတယ်။ကိုယ်လဲအရင်ကအဲ့လိုရူးခဲ့ဖူးပေမဲ့အခုတော့မဟုတ်တော့ဘူး။ တော်သင့်ပြီပဲလေ။ ကိုယ့်အပေါ်မကောင်းနိုင်တဲ့လူတစ်ယောက်အတွက်တန်ဖိုးရှိတဲ့ကိုယ့်ရဲ့အချိန်တွေဘယ်လောက်တောင်ကိုများဖြုန်းတီးပစ်ရမှာလဲ။ ရူးပြီးလျှောက်လုပ်ခဲ့တဲ့အချိန်အတွင်းကိုယ့်ကိုတစ်ကယ်တန်ဖိုးထားတဲ့သူတွေကိုလဲထိခိုက်စေမိတယ်။