You and I (8) unicode

1.1K 87 0
                                    

Hyerim နဲ့ သူငယ်ချင်းတစ်ယောက်
toilet ထဲဝင်ပြီး မှန်ရှေ့လက်ဆေးကာစကားပြောနေကြရင်း

hyerim ~~
အဲ့ jennie ဆိုတဲ့မိန်းမ ငါ့ကိုဆက်ဆံတဲ့ပုံစံကမချေမငံနဲ့
ဒီနေ့ရုံးခန်းထဲဆရာမနဲ့သွားတွေ့တာ
သူနဲ့တွေ့လာခဲ့တယ်လေ.
မမြင်ချင်တဲ့သူနဲ့မှတွေ့နေရတယ်လို့

girl ~~
သူ့လိုဘာမှမဟုတ်တဲ့သူကများ နင့်လိုလူမျိုးကိုချေရတယ်ရှိသေး

hyerim ~~
သူ့ကိုယ်သူဘာထင်နေလဲမသိ.
အဲ့လိုမာနကြီးနေတဲ့မိန်းမကိုကြိုက်မယ့်သူလဲမရှိလောက်ပါဘူး

girl ~~
ဒါပေမယ့် kihoon က သူ့ကိုကြိုက်နေသလားလို့

hyerim ~~
ဘယ်ကောင်လေးက အဲ့လိုချေမိုးနေတဲ့သူသွားပြီး
အချိန်ကြာကြာလိုက်မှာလဲ.
jennie kim ဆိုတဲ့မိန်းမကမူနေတာလေ.
မကြာခင် အဲ့ကောင်နောက်လှည့်ပြန်တော့မှာ

girl ~~
စောင့်ကြည့်ပါဦးမယ်.
ဘယ်လိုလူနဲ့တွေ့ပြီးသူပဲအသည်းကွဲကျန်နေခဲ့မလဲလို့.

both ~~ hahaha....

hyerim တို့နှစ်ယောက်စကားတပြောပြောနဲ့ထွက်သွားတော့
toilet ထဲမှာစောစောထဲကရောက်နေတဲ့ Lisa
မျက်မှောင်ကြုံ့ရင်း

Lisa' mind ~~
*အဲ့ဒါ hyerim အသံမလား.
သူတို့ပြောတာ ငါသိတဲ့jennie ပဲဖြစ်မှာ .
aish. jennie အကြောင်းလဲသေချာမသိပဲနဲ့
လျှောက်ပြောနေကြတယ်.
ရုပ်လေးကချောသလောက်အကျင့်လေးတွေကတော့ 😕*

...
....

at canteen ~

Lisa တို့နဲ့အတူ jennie နဲ့ chaeyoung လဲတစ်ဝိုင်းထဲထိုင်ပြီး
နေ့လယ်စာစားနေကြသည်.
hyerim နဲ့သူငယ်ချင်းတစ်ယောက်ကတော့
သူတို့ရဲ့ဘေးဝိုင်းမှာထိုင်ကာ Lisa နဲ့အတူရှိနေတဲ့jennie ကိုအမြင်မကြည်တဲ့ပုံနဲ့လိုက်ကြည့်နေသည်.

စားသောက်ပြီးLisa တို့အကုန်ဝိုင်းကထကြတော့
hyerim လဲ လိုက်ထပြီး jennie အနားပြေးကပ်ကာ
တမင်တိုက်မိအောင်လုပ်ပြီးလဲကျဟန်ဆောင်လိုက်သည်.

hyerim ~~
အ့ နာလိုက်တာ

hyerim ကြမ်းပြင်ပေါ်လက်ထောက်ကျသွားကာ
လက်ဖဝါးနာသလိုနဲ့ညည်းညူနေသည်.
သူ့ရဲ့သူငယ်ချင်းလဲ စိတ်ပူသွားဟန်ဆောင်ပြီး
သွားထူပေးကာ
jennie ကိုအပြစ်တင်ပြောဆိုလိုက်သည်.

You and I Where stories live. Discover now