You and I (12) unicode

1.3K 96 1
                                    

(Gi Tak ဆိုတာ ဘယ်သူမှမဟုတ်ဘူးနော်.
စိတ်ထဲပေါ်လာတဲ့နာမည်ချရေးလိုက်တာ)

. . . . .
. . .

သူ ဒီကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲဆိုတာ
jennie ဘယ်လိုမှစဉ်းစားလို့မရ.
သူမလဲ ဒီစေ့စပ်ပွဲနဲ့ပတ်သတ်ပြီးသူ့ကိုဘာတစ်ခုမှမပြောခဲ့ပါဘူး.
အဆက်အသွယ်လဲထိုနောက်ပိုင်းမလုပ်ကြတော့ဘူးလေ.
သူနဲ့ပတ်သတ်တဲ့အရာအားလုံးကိုမေ့ဖျောက်ပစ်ခဲ့တာ.
သူဒီမှာရှိနေတာ
တိုက်ဆိုင်တာလား. တမင်ပဲလား.

jennie ~~ (surprise)
Gi Tak oppa က ဒီကို ဘယ်လို...😯

Gi Tak က သူမကိုတစ်ကိုယ်လုံးလိုက်ကြည့်နေရင်းနဲ့

Gi Tak ~~
ဒီတော့ Lisa နဲ့ စေ့စပ်လိုက်တာ မင်းပေါ့.
ငါ့ကို သူဖုန်းနဲ့လှမ်းဆက်ပြီးဖိတ်တာ.
သတို့သမီးဘယ်သူဆိုတာမပြောဘူး.
ဒီရောက်မှပဲ မင်းမှန်းသိရတာ.
မင်းနဲ့ Lisa က ဘယ်လိုတွေ့ပြီးခုလိုထိဖြစ်သွားကြတာလဲ

jennie ~~ mwo?
Lisa နဲ့သိနေတယ်လား 😦

ထိုအခိုက် Lisa ရောက်လာပြီး အနောက်ကနေ
Gi Tak ပုခုံးကိုလက်သီးနဲ့အသာထိုးကာ

Lisa ~~
Yo brother !
ပြန်သွားပြီထင်နေတာ.
ပွဲအမှီလာပေးတာကျေးဇူး.
သူက ညီမရဲ့ကောင်မလေးလေ.
Jennie Kim တဲ့.
ဘယ်လိုလဲ ချစ်စရာကောင်းတယ်မလား 😄

Gi Tak ~~ (ဟက်ခနဲတစ်ချက်ရယ်ကာ)
အင်း. ချစ်စရာလေးပါ.
မင်းကံကောင်းပါတယ် 😏

Lisa ~~
မိတ်ဆက်ပေးမယ် .
ဒါ ငါ့အကိုအရင်းလိုခင်ရတဲ့သူ.
Choi Gi Tak တဲ့
ငယ်ငယ်ထဲကငါ့ကိုထိန်းလာတာ.
omma ရဲ့ company မှာအလုပ်ဝင်နေတာ.
အရမ်းတော်တယ် 👍👍

ဘာရယ်. နင့်omma ရဲ့ company မှာ.
အမျိုးတွေလိုပဲအရမ်းရင်းနှီးကြပုံပေါ်တယ် .
ငါ အဲ့ဒါတွေမသိခဲ့ဘူး.
oppa က နင်နဲ့သိနေမယ်ဆိုတာ.
oppa က ငါအချိန်ပိုင်းအလုပ်လုပ်တဲ့နေရာတွေမှာ
နေ့တိုင်းလာအားပေးပြီး ငါ့ကိုပိုးပန်းခဲ့တာ.
ခင်မင်သွားပြီးနောက်ပိုင်း တစ်ခါတစ်လေဆိုင်အတူထိုင်ရင်
တစ်ခြားအကြောင်းအရာတွေပဲပြောဖြစ်ကြပြီး
သူ့အလုပ်အကြောင်းကို စည်းကျော်ပြီးစပ်စုသလိုဖြစ်သွားမှာစိုးလို့
ဘာမှမမေးခဲ့ဘူး.
company တစ်ခုကဝန်ထမ်းဆိုတာနဲ့
အလုပ်တွေအရမ်းများတဲ့သူဆိုတာပဲသိခဲ့တာ.

You and I Where stories live. Discover now