Lisa ဆိုးထားတာမကြာသေးတဲ့
သူူမရဲ့ခဲရောင်ဆံပင်လေးကို
မှန်ရှေ့မှာအကြာကြီးကြည့်ရင်းဆံပင်တွေဖွလိုက်နဲ့ပဲများနေသည်.Lisa ~~
အင်မတန်မှချစ်စရာကောင်းတဲ့ငါလေး အခုဆိုပိုလှနေပြီ 😁
ဒါပေမယ့်လဲ..
ဟောဒီအချောလေးမှာ မိန်းမရှိနေတော့
ငမ်းခွင့်ပဲရှိပြီးပတ်သတ်ခွင့်မရတော့တဲ့
မိန်းမသားထုကြီးအတွက်စိတ်မကောင်းစရာပဲ 😟🤧ဝမ်းနည်းနေတဲ့ပုံစံနဲ့ငိုတော့မလိုရုပ်လေးလုပ်ပြီးနောက်
စားပွဲခုံပေါ်တင်ထားတဲ့နာရီကိုယူပြီးပတ်လိုက်သည်.
ပြီးတော့ jennie လဲ ပြင်ဆင်ပြီးပြီလားလို့ကြည့်လိုက်သည်.
ဒီနေ့ကျောင်းပိတ်ရက်မှာ သူမတို့ဖူးခက်ကိုဟန်းနီးမွန်းထွက်ကြမည်လေ.မျက်မှောင်ကြုံ့ကာ
jennie အဝတ်အစားတွေကို အပေါ်အောက်ကြည့်ပြီးLisa ~~
အဲ့ဒါဘယ်နှခုနှစ်တုန်းကဂါဝန်လဲဟ.
ခုခေတ်ဒီဇိုင်းအလန်းတွေပေါနေတာကို
ကြည့်ပါဦး ဂါဝန်ကလဲဟောင်းနေပြီjennie သူကြိုက်တဲ့ဂါဝန်ကိုပြောလို့
Lisa ကိုမျက်စောင်းထိုးကာjennie ~~
ငါ့ဘာသာဝတ်တာ. နင်ဝတ်နေရလို့လား😒Lisa ~~ (ခေါင်းယမ်းကာ)
နင်က အခုငါ့မယားဖြစ်နေပြီ
အနေအထိုင်အဝတ်အစားအသုံးအဆောင်...
အကုန်တောက်တောက်ပြောင်ပြောင်နေစမ်းပါ
ငါဖုန်းဆက်ပြီး နင့်အတွက်အဝတ်အစားတွေလာပို့ဖို့ပြောလိုက်မယ်ဖုန်းကိုင်ကာ jennie ကိုပြောရင်း
ဆက်မလိုပြင်တော့ jennie အမြန်တားကာjennie ~~
မဆက်ပါနဲ့.
ပိုက်ဆံအလကားကုန်တယ်.
ငါအသစ်မလိုချင်ဘူးLisa ~~
ar. ဒါဆိုလဲ အဝတ်ဗီရိုထဲမှာထည့်ပေးထားတဲ့အသစ်တွေရှိတယ်လေ.
အဲဒါတွေဝတ်jennie ~~
ငါဒီတိုင်းလဲကြည့်ကောင်းနေတာပဲကို 😞Lisa ~~ (အဝတ်ဗီရိုထဲလျှောက်ဖွရင်း)
ဟုတ်ပါတယ်. ကြည့်ကောင်းပါတယ်.
(အဖြုရောင်shirtနဲ့ jean jacket ကိုယူကာ)
ရော့ ဒါတွေနဲ့ ဘောင်းဘီအရှည်ခပ်ပွပွဝတ်ခဲ့.
နင့်ဂါဝန်ကတိုနေတော့ဟိုလူဒီလူလိုက်ကြည့်မှာကိုမကြိုက်ဘူး.