You and I (20) unicode

2.7K 122 33
                                    

အေ့ ယို့ 😁
အိပ်မက်လို့ထင်မှားနေကြလား.
တကယ်အတည်ကြီးအပ်ပုဒိတ်ပေးတာ 😛

.
.
.

Two years later _ _

Lisa ~~ ညစာစားပြီးပြီလား

Jennie ~~ စားပြီးပြီ ခုတင်ပဲ.
ခုက အာလူးကြော်စားနေတာ ပျင်းလို့ 😁

Jennie သူမလက်ထဲကဖောက်ထားတဲ့ Lay အာလူးကြော်ထုပ်ကို
lisa မြင်အောင်ကင်မရာရှေ့ထောင်ပြလိုက်သည်.

ကျောင်းပြီးသွားတော့ အခုအချိန်တွင်
Lisa သူမမိဘရဲ့ companyမှာ အလုပ်ဝင်နေသည်.
Jennie လဲ Bangkokမှာရှိတဲ့ Lisa ရဲ့ dad ဖွင့်ထားတဲ့ chefသင်တန်းတွင်အချက်အပြုတ်သွားသင်ယူနေသည်.

သူမတို့ LINE ထဲတွင် Video call ခေါ်ကာပြောနေကြသည်.

Lisa ~~
aw.
မနေ့ကလက်အပူလောင်တာရောသက်သာရဲ့လား J.
ဆေးလိမ်းထားလား

Jennie ~~ အင်း လိမ်းထားတယ်
မများပါဘူး အပူလောင်တာက
သေးသေးလေးပါ 😁

Lisa ~~
သြော် ရယ်နိုင်သေးတယ်
ဒီမှာစိတ်ပူနေတာကို 😒
ဂရုစိုက်ပါ မမလေးရယ်

Jennie ~~
မပူပါနဲ့ lili ရဲ့
ဟင်းချက်တာပဲ ဒီလောက်တော့ရှိမှာပေါ့
lili ရောစားပြီးပလား ညစာ

Lisa ~~ (မျက်နှာဖြီးကာလျှာလေးထုတ်ပြီး)
ဟဲ 😄 order မှာထားတယ်
စောင့်နေတာ

Jennie ~~
ဟင်..  lili ကတော့လုပ်ပြီ

Lisa ~~
ပြန်တာနောက်ကျတော့ချက်ရမှာပျင်းလို့ပါ 😂
ခါတိုင်းဆို Jisoo တို့နဲ့ အတူစားဖြစ်ပေမယ့်
ဒီနေ့နောက်ကျနေတာ ခေါ်ရမှာအားနာလို့

Jennie ~~
ပန်းကန်ဆေးရမှာပျင်းတာလေးလဲထည့်ပြော 😏

Lisa ~~ 😁😁

Ting Tong!

Lisa ~~
ရောက်ပြီထင်တယ်.
သွားယူလိုက်ဦးမယ်

Lisa ဖုန်းကိုဆိုဖာပေါ်တင်ခဲ့ကာ
Credit card ကိုယူပြီး အပေါက်သွားလှပ်သည်.
ပါဆယ်ထုပ်ယူပြန်လာကာ စားပွဲပေါ်တင်ပြီးဖွင့်လိုက်သည်.

Jennie ~~
(Lisa ပါဆယ်ထုပ်ထဲကယူနေတဲ့ဘူးတွေကိုလိုက်ကြည့်ပြီး)
ဘာတွေမှာထားတာလဲ ?

Lisa ~~
Jajangmyeon ရယ် kimbap နဲ့
Lemon tea 😋
ဝိုး အနံ့လေးကမွှေးလိုက်တာ

You and I Where stories live. Discover now