1🌷(U)

528 53 2
                                    

Bellona အဝါရောင်ကျူလစ်ပန်းတွေကို စားပွဲပေါ်ကဖန်အိုးလေးထဲထည့်ပြီး
တစ်ခန်းလုံးစပယ်ရနံ့သင်းစေဖို့ အမွှေးအိုး
လေးကိုလည်းဖွင့်ထားဖို့မမေ့ဘူး။
Bellona ကျူလစ်တွေရဲ့ချိုမွှေးတဲ့
လိမေ္မာ်နံ့သင်းသင်းလေးက စိတ်လန်းဆန်း
စေလို့သိပ်သဘောကျတယ်တဲ့။
သုံးလကြာလဲလျောင်းနေပေမယ့်
အရင်အတိုင်းပါပဲ မျက်ခွံဖောင်းဖောင်းလေး
တွေမို့နေတုန်း၊ မျက်တောင်နက်လေးတွေ
စင်းနေတုန်း။ ကြယ်တွေလို တလက်လက်
ွှရွှန်းနေတဲ့ မျက်ဝန်းအိမ်ကျယ်ကျယ်လေး
ကိုတော့မမြင်ရပေမယ့်လို့ပေါ့။ လက္ဖမိုး
ပေါ်က အမာရွတ်လေးတွေကိုဖွဖွနမ်းတယ်။
ဒီနေ့က သူ့ကိုခွင့်ပြုပေးထားတဲ့ နောက်ဆုံး
နေ့ဖြစ်လို့ အရင်နေ့့တွေအတိုင်း ပြောပြ
နေကျပုံပြင်လေးကို နောက်ဆုံးအနေနဲ့ ဖတ်ပြပေးခဲ့ပါဦးမယ်။

"အဲ့လိုနဲ့မင်းသားလေးက မြေခွေးကို
ယဉ်ပါးလာအောင်သင်ပေးတယ်တဲ့၊
သူတို့အတူတူအချိန်တွေ ကုန်ဆုံးပြီးတော့
တစ်ယောက်ဘဝမှာ တစ်ယောက်က
မရှိမဖြစ်အရေးပါတဲ့သူတွေဖြစ်လာကြ
တယ်တဲ့"

"မြေခွေးက... ငါမင်းနဲ့ဆက်မကစားနိုင်
တော့ဘူးထင်တယ်တဲ့၊ မင်းကငါ့အတွက် အခြားထောင်ပေါင်းများစွာထဲကကောင်လေး
တစ်ယောက်ဖြစ်သလို ငါကလည်းမင်း
အတွက်အခြားထောင်ပေါင်းစွာထဲက
မြေခွေးတစ်ကောင်ပါပဲ၊ တကယ်လို့ငါ့ကိုသာ
ဆက်ပြီးယဉ်ပါးလာအောင် လုပ်နေမယ်ဆို
ငါတို့တွေတစ်ယောက်ကိုတစ်ယောက်
လိုအပ်လာလိမ့်မယ်တဲ့"

"မြေခွေးကဆက်ပြောပြတာပေါ့....
မင်းကငါ့အတွက် အရေးပါဆုံးသူဖြစ်လာပြီး
ငါလည်းမင်းအတွက် အထူးခြားဆုံးသူဖြစ်
လာလိမ့်မယ်၊ ဒါပေမယ့်မင်းငါ့ဘဝကို
လွှမ်းမိုးလာတဲ့နေ့ကစပြီး အရာအားလုံး
ပြောင်းလဲလာခဲ့တယ်၊ ငါ့ရဲ့ဘဝကနေခြည်
တွေလိုလင်းဖြာလာပြီး အခြားမြေခွေးတွေနဲ့
လည်းမတူတော့ဘူး၊ မင်းရဲ့ခြေလှမ်းတွေက
အစငါ့ရဲ့နားထဲမှာ သံစဉ်တွေစီးဝင်လာသလို
နားဝင်ချိုတယ်၊ မင်းရဲ့ရွှေရောင်ဆံနွယ်လေး
တွေနဲ့အရာအားလုံးဟာ အံ့သြစရာတွေ
ပြည့်လာတယ်၊ ရွှေရောင်ဂျုံခင်းတွေကို
မြင်ရင်တောင် ငါမင်းကိုသတိရနေလိမ့်မယ်၊
........တဲ့၊ မြေခွေးက မင်းသားလေးကို
ချစ်သွားတာပေါ့၊ ဒီပုံပြင်ကို အလွတ်တောင်
ရနေပြီဗျ၊ မြေခွေးလေးက ကျွန်တော်နဲ့
တူသလိုပဲနော်"

အသံချိုအေးအေးနဲ့လည်းတုန့်ပြန်မလာ။
ပြုံးယောင်သမ်းနေကျနှုတ်ခမ်းလွှာတို့
ကလည်းအခုတော့ပြုံးရိပ်တို့ကင်းမဲ့လျက်။
ဘယ်လိုမျိုးအနေအထားမှာပဲဖြစ်ဖြစ်
ဒီလူသားကိုသိပ်ချစ်ရပါတယ်။

"လိုက်ခဲ့ပါတော့၊ သတ်မှတ်ချိန်ပြည့်ပါပြီ"

"ခဏေလးပါပဲ၊ ခဏလေးပဲထပ်စောင့်ပေးပါ၊
ကျွန်တော်ချက်ချင်းထွက်လာခဲ့ပါ့မယ်၊
ကျေးဇူးပြုပြီး....ခဏေလးပါပဲ"

အမြဲသုံးနေကျအဝါရောင် sticky note
လေးထုတ်လိုက်ပြီး ခပ်တိုတိုစာတစ်ကြောင်း
ချရေးပြီး ဖန်အိုးလေးမှာကပ်ထားလိုက်
တယ်။ ဒီနေ့ကျမှကျူလစ်ပန်းရနံ့ကပိုမွှေးလို့။

"ကျွန်တော်ခရီးတစ်ခုသွားရမှာ၊ Sean
အိပ်ရာနိုးလာလို့ ကျွန်တော့်ကိုမတွေ့ရင်
စိတ်မပူနဲ့နော်၊ နေကောင်းအောင်နေရမယ်
ကြားလား၊  မိုချီနဲ့ယိုလီကို Sean
သူငယ်ချင်း ယွီယမ်ကကြည့်ပေးထားတယ် စိတ်ချထားနော်၊ ကျွန်တော့်ကိုစောင့်နေရ
မယ်နော် ခဏပဲကြာမှာ၊ ပြန်လာခဲ့မယ်
ဆက်ဆက်စောင့်နေပေးရမယ်နော်၊
Sean ဆီပြန်ရောက်တာနဲ့ ကျွန်တော့်ကို
ဒီ sticky note လေးထဲက နာမည်
အတိုင်းပဲခေါ်တော့"

နဖူးပေါ်ဝေ့ဝဲနေတဲ့ဆံသားလေးတွေကို
သပ်ဖယ်ပြီး ခဏတာခွဲခွာရမယ့်အနမ်းတစ်
ပွင့်ကို Sean နဖူးပြင်လေးပေါ်သက်
ရောက်စေတယ်။

"ချစ်တယ်၊ သိပ်ချစ်ပါတယ်၊
အရမ်းချစ်တယ် Sean ရယ်၊
ဒီထက်ပိုပြီး စောစောပြောခဲ့ရမှာ၊
ကျွန်တော်ပြန်လာခဲ့ပါ့မယ်"

ငြိမ်သက်နေသော်လည်း မျက်လုံးထောင့်မှ
မျက်ရည်ပူစီးကြောင်းလေးကို မမြင်ခဲ့မိလိုက်
ပါ။
...
....
.....

"ပြစ်မှုကျူးလွန်သူ ဝမ်ရိပေါ်သည်
မူးယစ်ဆေးဝါး တရားမဝင်ဖြန့်ချီနေကြောင်း
သက်သေနှင့်တကွ ထင်ရှားပါသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ
သောဆေးဝါးများဆိုင်ရာ ဥပေဒပုဒ္မ ၁၉(က)/၂၁ အရထောင်ဒဏ်ကိုးနှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်"

ခေါင်းခါရင်းသက်ပြင်းရှည်ချမိတယ်။
စိတ်ပူမိပါတယ်။ Sean တစ်ယောက်တော့
အကြာကြီးစောင့်နေရတော့မှာ။ Sean နဲ့
မဆုံခင်ကတည်းက သူ့ဘဝက လွဲနေခဲ့တာ။

ဒီနေ့ 26th June, 2018...
Sean ကိုထားခဲ့ရတယ်။

.......... ။ ..........

Bellona: A Love Untold(One Shot)Where stories live. Discover now