3🌷(U)

255 42 0
                                    

11st November, 2016

"Sean... ကျွန်တော်ရောက်ပြီ"

"Leo လာပါအုံး...၊ ကိုယ့်ကိုတစ်ခုကူညီ"

"ဘာလုပ်ပေးရမလဲ Sean"

"ဒီကောင်လေးကို နည်းနည်းချော့နေပေး၊
ဗိုက်မကောင်းတော့ စိတ်တိုနေတာ"

"OK"

Sean ရဲ့တိရစာၦန်ဆေးကုခန်းလေးက
အျမဲ pet လေးတွေမပြတ်။ ခွေး၊ ကြောင်
တွေတင်မကပဲ တစ်ခါတလေယုန်လေးတွေ၊
ငှက်လေးတွေလည်းရောက်နေသေး။
ဆေးခန်းကိုလိုက်စပ်စုတဲ့ နေ့ကတည်းက သူ့အလုပ်က ဆေးခန်းလာပြီး ဒီပိစိတွေကို ပွတ်သပ်ချော့မြူရတဲ့ ရာထူးဖြစ်သွားတယ်။ သူမရှိတုန်းကတော့ Sean တစ်ယောက် ဘယ်လိုပျားတုပ်နေမလဲတွေးပြီး ဂလန္ဂလား
ဂျူတီကုတ်ကားယားနဲ့ ဒီလူ့ပုံစံကို မြင်ယောင်
မိပါတယ်။ ဂျူတီကုတ်ဝတ်ထားပြီး Stethoscope လည်ပင်းမှာ ချိတ်ထားတဲ့ Sean က စီးကရက်ကိုနှုတ်ခမ်းက မခ်တဲ့ Sean ထက် ပိုကြည့်ကောင်းတယ်။
"စီးကရက်တွေ မသောက်နဲ့၊ ခင်ဗျားနှုတ်ခမ်း
တွေက သိပ်လှတာ..." လို့ပြောခဲ့တုန်းက
Sean က သူ့ကိုလှောင်တယ်။
"ကိုယ္က မိန်းမ မို့လို့လား" တဲ့။

Sean နဲ့ ရင်းနှီးပြီး တစ်လအကြာမှာပဲ
"ကိုယ်" ဆိုတဲ့နာမ္စားကို Sean က
အစားထိုးခဲ့တယ်။

....

"ဒါဘာလဲ"

"ပန်းလေ၊ ပန်းမမြင်ဖူးဘူးလား"

"ပန်းတော့သိတာပေါ့၊ ပန်းအိုးထိုးဖို့လား"

"ပန်းအိုးမထိုးတော့ Sean ခေါင်းမှာ
ပန်ထားမလို့လား"

"ဆန်းပြန်ပြီ Leo ရယ်၊ မင်း အဆန်း
တွေမလုပ်ပါနဲ့"

"Bellona လို့ခေါ်တယ်၊ အဝါရောင်တွေ"

"ကိုယ် colour မ blind သေးပါဘူး"

"စီးကရက္ကို နှုတ်ခမ်းက မချမယ့်အစား
ခင်ဗျား များများပြုံးနေပါလား"

"ကြိုက်တယ်ပေါ့"

"ပြုံးရင် သွေးလည်ပတ်မှုကောင်းတယ်တဲ့"

Sean က မျက်မှန်ပင့်တင်ရင်း သူ့ကို
တစ်ချက်ကြည့်တယ်။

"ဒါနဲ့ ဘာလို့တစ်ပွင့်တည်းလဲ"

Bellona: A Love Untold(One Shot)Where stories live. Discover now