3🌷(Z)

139 20 0
                                    

11st November, 2016

"Sean... ကျွန်တော်ရောက်ပြီ"

"Leo လာပါအုံး...၊ ကိုယ့်ကိုတစ်ခုကူညီ"

"ဘာလုပ်ပေးရမလဲ Sean"

"ဒီကောင်လေးကို နည်းနည်းချော့နေပေး၊
ဗိုက်မကောင်းတော့ စိတ်တိုနေတာ"

"OK"

Sean ရဲ့တိရစ္ဆာန်ဆေးကုခန်းလေးက
အမြဲ pet လေးတွေမပြတ်။ ခွေး၊ ကြောင်
တွေတင်မကပဲ တစ်ခါတလေယုန်လေးတွေ၊
ငှက်လေးတွေလည်းရောက်နေသေး။
ဆေးခန်းကိုလိုက်စပ်စုတဲ့ နေ့ကတည်းက သူ့အလုပ်က ​ဆေးခန်းလာပြီး ဒီပိစိတွေကို ပွတ်သပ်ချော့မြူရတဲ့ ရာထူးဖြစ်သွားတယ်။ သူမရှိတုန်းကတော့ Sean တစ်ယောက် ဘယ်လိုပျားတုပ်နေမလဲတွေးပြီး ဂလန်ဂလား
ဂျူတီကုတ်ကားယားနဲ့ ဒီလူ့ပုံစံကို မြင်ယောင်
မိပါတယ်။ ဂျူတီကုတ်ဝတ်ထားပြီး Stethoscope လည်ပင်းမှာ ချိတ်ထားတဲ့ Sean က စီးကရက်ကိုနှုတ်ခမ်းက မချတဲ့ Sean ထက် ပိုကြည့်ကောင်းတယ်။

"​စီးကရက်တွေ မသောက်နဲ့၊ ခင်ဗျားနှုတ်ခမ်း
တွေက သိပ်လှတာ..." လို့ပြောခဲ့တုန်းက
Sean က သူ့ကိုလှောင်တယ်။
"ကိုယ်က မိန်းမ မို့လို့လား" တဲ့။

Sean နဲ့ ရင်းနှီးပြီး တစ်လအကြာမှာပဲ
"ကိုယ်" ဆိုတဲ့နာမ်စားကို Sean က
အစားထိုးခဲ့တယ်။

....

"ဒါဘာလဲ"

"ပန်းလေ၊ ပန်းမမြင်ဖူးဘူးလား"

"ပန်းတော့သိတာပေါ့၊ ပန်းအိုးထိုးဖို့လား"

"ပန်းအိုးမထိုးတော့ Sean ခေါင်းမှာ
ပန်ထားမလို့လား"

"ဆန်းပြန်ပြီ Leo ရယ်၊ မင်း အဆန်း
တွေမလုပ်ပါနဲ့"

"Bellona လို့ခေါ်တယ်၊ အဝါရောင်တွေ"

"ကိုယ် colour မ blind သေးပါဘူး"

"စီးကရက်ကို နှုတ်ခမ်းက မချမယ့်အစား
ခင်ဗျား များများပြုံး​နေပါလား"

"ကြိုက်တယ်ပေါ့"

"ပြုံးရင် သွေးလည်ပတ်မှုကောင်းတယ်တဲ့"

Sean က မျက်မှန်ပင့်တင်ရင်း သူ့ကို
တစ်ချက်ကြည့်တယ်။

"ဒါနဲ့ ဘာလို့တစ်ပွင့်တည်းလဲ"

Bellona: A Love Untold(One Shot)Where stories live. Discover now