Part ~ 9
ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ နေရောင်ခြည်ဟာ မျက်နှာပေါ်ကျရောက်လာချိန်မှာတော့ Xiao Zhan နိုးလာခဲ့သည်
"အား ငါ့ဂုတ်နာလိုက်တာ"
တစ်ညလုံး ကုတင်ဘေးမှာ ဖြစ်သလိုစောင်းအိပ်နေတာမို့ ဂုတ်က ဆစ်ခနဲ နာကျင်သွားသည်
ခေါင်းအထောင်မှာ တွေ့လိုက်ရတာက သူ့ကို မျက်လုံးပြူးနဲ့ကြည့်နေသော ကောင်လေး
"အာ Yibo နိုးလာပြီလား သက်သာသွားပြီလား"
နဖူးထက်အသာစမ်းကြည့်လိုက်တော့ အဖျားကျသွားခဲ့ပြီ
"မနေ့ညက မင်းထပ်ဖျားလို့ အိမ်ကိုခေါ်လာလိုက်တာ "
"ဘယ်အချိန်ရှိပြီလဲ"
Xiao Zhan အိပ်ရာဘေးက စားပွဲတင်နာရီလေးကို လှမ်းကြည့်လိုက်သည်
"6နာရီခွဲကျော်နေပြီ"
သူ့စကားသံလည်းကြားရော ရုတ်တရက်ကုန်းထကာ ကုတင်ပေါ်က ဆင်းရန်လုပ်နေတာမို့ Xiao Zhan လက်ကိုလှမ်းဆွဲလိုက်သည်
"မင်း ဘယ်သွားမလို့လဲ"
"9နာရီမှာ Shooting ရှိတယ်"
"နေပါဦး အခုချိန်မှာ မင်းက အားနည်းနေသေးတယ် ငါမင်းရဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးချင်တာက ဒီနေ့တစ်ရက်တော့ အေးဆေးအနားယူဖို့ဘဲ "
"ကျွန်တော် ဘာမှမဖြစ်ဘူး ကျွန်တော့ကြောင့် Shooting အပျက်မခံနိုင်ဘူး"
ပြတ်သားစွာ ပြောနေတဲ့ သူ့ရှေ့က ကောင်လေးကို ငေးကြည့်လိုက်သည်
ဒီလို ကြိုးစားခဲ့လို့ထင်ပါရဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်ကြားနေတာ
အင်း Idol လေးရယ် အဲဒီလို ဇွဲသန်မှုကို ငါသဘောကျပေမယ့် တစ်စုံတစ်ရာ ထိခိုက်မှာမျိုးကိုတော့ ငါမလိုလားဘူး
ဒါပေမယ့် သူ့ရဲ့ Idol လေးကြည့်ရတာလည်း ခေါင်းမာမယ့်ပုံဘဲ
တားရမှာမဟုတ် အဲတော့ သူကဘဲ အလျော့ပေးရတော့မှာပေါ့"အဲတာဆို ကောမတားတော့ဘူး ဒါပေမယ့် မနက်စာလေးတော့ စားပြီးသွားဟုတ်လား ကောချက်ပေးမယ် ကြက်သားဆန်ပြုတ်လေး"
YOU ARE READING
Falling in love with my idol 🖤💚
Fanfictionကိုယ် သဘောကျနှစ်သက်ရတဲ့ Idol နဲ့ ချစ်သူဖြစ်သွားခဲ့မယ်ဆိုရင်ရော 🤷♀️