Part~1
"ဆရာမ ကျွန်တော်ရောက်လာပါပြီ"
"အင်း ကျန့်ကျန့်ရေ ဒီစာအုပ်လေးတွေ ဆရာမစစ်ပြီးပြီ
အတန်းထဲမှာ ဝေထားလိုက်ပါဦး ခနနေ ဆရာမ လာခဲ့မယ်""ဟုတ်ကဲ့ ဆရာမ "
"aww ကျန့်ကျန့် သားဒီလပတ်စာမေးပွဲမှာလည်း အဆင့်ဘယ်လောက်ရလဲ"
ထိုစကားကို ကျောင်းအုပ်ကြီးမှ မေးလိုက်ခြင်းပင်ဖြစ်သည်
အမူအရာယဉ်ကျေးသော စိတ်ရင်းကောင်းသော ကူညီတတ်သော သိတတ်သော စာတော်သော တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ ဆရာမတိုင်းက သိရှိကြသည်ဘဲ
"အမလေး ဆရာကြီးရယ် မေးစရာလိုသေးလို့လား အဆင့်တစ်ဘဲပေါ့ ကျန့်ကျန့်က ကြိုးစားမှုရှိတယ် အဲတော့ အဆင့်တစ်ကကို မဆင်းဘူး အင်း တစ်ခုဘဲ သူ့ဘဝလေး မပြေလည်ရှာတာကလွဲလို့ပေါ့"
"AWW ဒီလိုလုပ် မနက်ဖြန် ကျောင်းကို ပညာရေးမှူးနဲ့အတူ သူဌေးကြီး Wang လာမယ်ပြောတယ် သူဌေးWangက စာတော်တဲ့ကျောင်းသားတွေကို ချီးမြှင့်လေ့ရှိတယ် အင်း အာ့မှာ ဆရာကြီး ကျန့်ကျန့်အတွက် တစ်ခုခုကြိုးစားကြည့်ပါဦးမယ်"
Xiao Zhan ဝမ်းသာသွားသည် မည်းမှောင်နေတဲ့ သူ့အတွက် အလင်းရောင်တစ်စ တွေ့လိုက်ရသလိုပင်
"ကျေးဇူးပါ ဆရာကြီး တကယ်ကျေးဇူးတင်ပါတယ်ဗျ"
"ဟားဟား ရပါတယ်ကွာ တပည့်ကောင်းစားဖို့က ဆရာတိုင်းရဲ့ တာဝန်ဘဲလေကွာ ကဲ သွားသွားတော့"
"ဟုတ်ကဲ့ "
စာသငခ်န်းဆီ လျှောက်လာတဲ့လမ်းတစ်လျှောက်မှာ Xiao Zhan ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေသည်
သူ့ကိုကျောင်းထားဖို့အတွက် ချမ်းချမ်းစီးစီးထပြီး အကြော်ကြော်ရောင်းနေရတဲ့ မိခင်အတွက် စိတ်မကောင်းရုံမှတစ်ပါးသူမတတ်နိုင်ခဲ့
တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် စားသောက်ဆိုင်မှာ သူဝင်လုပ်မယ်ဆိုတော့လည်း လက်မခံ စာသာကြိုးစားပါဟုဆိုသည်
ထို့ကြောင့်လည်း စာသာသူကြိုးစားခဲ့သည် အမေပြီးရင် သူ့ဘဝမှာ အရေးကြီးဆုံးက စာသာဖြစ်ခဲ့သည်အထိ သူကြိုးစားခဲ့သည်
YOU ARE READING
Falling in love with my idol 🖤💚
Fanfictionကိုယ် သဘောကျနှစ်သက်ရတဲ့ Idol နဲ့ ချစ်သူဖြစ်သွားခဲ့မယ်ဆိုရင်ရော 🤷♀️