*Unexpected*

523 29 2
                                    

Part - 4

"Boss ဒေါက်တာလေးကို ခေါ်ခဲ့ပါပြီ"

"အင်း အထဲလွှတ်လိုက်လေ"

"ဟုတ်ကဲ့"

Xiao Zhan ကားပေါ်ကဆင်းလိုက်တာနဲ့ မြင့်မားလှသော တိုက်ကြီးနဲ့ မျက်စိတစ်ဆုံး ကျယ်ဝန်းသော ခြံကြီးက ကြိုဆိုနေသည်

"ဒေါက်တာလေးကို Boss က အထဲခေါ်ခဲ့ဖို့ မှာထားပါတယ် ကျွန်တော့နောက် လိုက်ခဲ့ပေးပါ"

အသက်ကြီးကြီး ဦးလေးတစ်ယောက် ကြည့်ရသည်မှာ အိမ်တော်ထိန်းဖြစ်ဟန်တူသည် ရှေ့ကနေ လျှောက်သွားတာမို့ သူနောက်ကနေ လိုက်ခဲ့တော့သည်

ခမ်းနားကျယ်ဝန်းလှသော ဧည့်ခန်းကို ဖြတ်ကျော်ပြီးမှာတော့ အခန်းတစ်ခန်းထဲကို ဝင်သွားတာမို့ လိုက်ဝင်လိုက်တော့ စာအုပ်များစွာဟာ နံရံပေါ်မှာ သူ့နေရာနဲ့သူ အစီအရီ ရှိနေသည်

အခန်းအလယ်မှာတော့ မီးဆိုင်းပန်းဆွဲကြီး တစ်ခုရှိပြီး အောက်တည့်တည့်မှာ လေးထောင့်မှန်စားပွဲတစ်ခု ပတ်ပတ်လည်မှာ ဆိုဖာကြီးတွေဝန်းရံလျက်

သူပထမဆူံးတွေ့ခဲ့တဲ့အကြိမ်ထက် အနည်းငယ် ရင့်ရော်သွားဟန်ရှိသော သူဌေးWang သို့တိုင်အောင် နုပျိုမှုကတော့ ကျန်ရှိနေဆဲ

"လာ ထိုင်ပါ ဒေါက်တာ အိမ်တော်ထိန်းကြီး တစ်ခုခုစီစဉ်ပါဦး"

"ဟုတ်ကဲ့ "

Xiao Zhan သူဌေးWang နဲ့ မျက်နှာချင်းဆိုင်က ဆိုဖာတစ်ခုပေါ်ဝင်ထိုင်လိုက်သည်

"ကျွန်တော့ကို ဘာကြောင့်ခေါ်တယ်ဆိုတာ မသိပေမယ့် ပထမဆုံးအနေနဲ့ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်
ကျွန်တော့ကို ခုလိုမျိုး လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တဲ့အတွက်ပါ"

"အန်ကယ်က အရည်အချင်းရှိပြီးသား သူတစ်ယောက်ကို ထောက်ပံ့ပေးရုံလောက်ပါ တကယ်က ဒေါက်တာကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့လို့ပါ"

"ဒါနဲ့ ကျွန်တော့ကို ကျေးဇူးပြုပြီး ဒေါက်တာလို့မခေါ်ပါနဲ့လား Xiao Zhan ဆိုရပါပြီခင်မျ"

"ဒေါက်တာဆိုတာ လူတိုင်းကို ခေါ်လို့မရသလို ခေါ်ချင်တိုင်းလည်း ခေါ်ခွင့်မရှိပါဘူး အဲတာကြောင့် ဒေါက်တာအနေနဲ အန်ကယ့်ကို မတားပါနဲ့"

Falling in love with my idol 🖤💚Where stories live. Discover now