Half Feel ❤️

356 28 2
                                    

Part ~ 12

"Manager ကြီးပြန်သွားလိုက်တော့ ကားပါယူသွားလိုက်"

"မင်းသားက"

"ကျွန်တော်က ဆိုင်ကယ်နဲ့ဘဲပြန်ခဲ့မယ် "

"ဖြစ်ပါ့မလား မင်းသားတော်ကြာ Fan တွေနဲ့ တွေ့နေဦးမယ်"

"ရပါတယ် မှောင်တောင်မှောင်နေပြီဘဲ သူတို့တွေ မသိလောက်ပါဘူး"

"အာ့ဆိုလည်း မင်းသားဂရုစိုက်မောင်းနော် အကိုသွားနှင့်ပြီ"

ကားလေးကို မန်နေဂျာမောင်းထွက်သွားသည်နှင့် Yibo maskကို သေချာမေးရိုးထိလုံအောင် တပ်လိုက်သည် 

ပြီးတော့ လျှာထိုးဦးထုပ်အနက်ကိုကောက်ဆောင်းလိုက်ပြီး သူ့ဘေးမှာ ရပ်နေတဲ့ လူကြီးကို ဆိုင်ကယ်ဦးထုပ်လှမ်းပေးလိုက်သည်

"ဟင် ဒါကြီး ငါဆောင်းရဦးမှာလား ဟို ငါမဆောင်းချင်ဘူး ငါလည်းမင်းလို ဦးထုပ်လေးရနိုင်မလား"

"မရဘူး Safty first ဘဲ ဆောင်းထား ပြီးရင် တက်တော့"

Xiao Zhan စောကဒတက်ရန် ကြံလိုက်ပေမယ့် စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေကြောင့် ပါးစပ်ပိတ်ကာ ဆောင်းလိုက်ရသည်

ပြီးတော့ ဆိုင်ကယ်နောက်ကို မကျေမနပ်နဲ့ခွကာ တက်ထိုင်လိုက်ရသည်

နေ့လည် Lunchသွားစားတုန်းကလို သူ့အကျီ င်္စကို ဆုပ်ကိုင်မလာတာကြောင့် Yibo မျက်ခုံးတစ်ဖက် ပင့်တက်သွားသည်

"ကျွန်တော် မောင်းပြီ"

အသိပေးပြီး ဆိုင်ကယ်ကို လီဗာတင်ကာ ဝူးခနဲမောင်းထွက်လိုက်တော့ အာမေဋိတ်အသံကြားလိုက်ရပြီး သူ့ပုခုံးထက် ဆုပ်ကိုင်လာမှ မျက်နှာမှာ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်

သူမောင်းတဲ့ဆိုင်ကယ်နောက်မှာ ပထမဆုံးအကြိမ် လိုက်စီးခွင့်ရသောသူဖြစ်နေတာကိုတော့ နောက်က ဒေါက်တာ အအလေးဟာ မသိရှာဘဲ ရင်တမမနဲ့သာ လိုက်ပါခဲ့သည်

အဲဒီနောက်တော့ ညလေတဖြူးဖြူးအောက်မှာ ဆိုင်ကယ်လေးတစ်စီးဟာ လေဟုန်ခွင်းကာ မောင်းနှင်လျက်
သေချာတာကတော့ နှစ်ယောက်လုံးရဲ့ရင်ထဲမှာ ချမ်းမြေ့ကြည်နူးနေလျက်

Falling in love with my idol 🖤💚Where stories live. Discover now