#Unicode
"‼️ ⁉️ ‼️ ⁉️"
"ပြန်လာပြီလား"
ပိုင်ရှင်မရှိသော ဧည့်ခန်းတွင် အခန့်သားထိုင်နေသောသူတစ်ယောက်။
ဘုန်း!
ဝယ်လာသောညစာမှာ ကြမ်းပြင်တွင်လှလှပပပြုတ်ကျသွားလေသည်။ ထို့နောက် တံခါးပေါက်အဝတွင်ရှိသော ထီးကိုမိမိရရဆုပ်ကိုင်ပြီး ထိုလူကိုရွယ်လိုက်ကာ"ခင်ဗျား ဘယ်သူလဲ!"
"ငါမင်းအသက်ကို ကယ်ခဲ့တာနော်"
ထိုလူမှာ စကားပြောရင်း Yiboရှိရာ ဉီးတည်လာသည်။"ခင်ဗျား အနားမလာနဲ့! ခင်ဗျားဘယ်သူလဲ"
"လမ်းမမှာ ခဲပြီး မသေရုံတစ်မယ်ဖြစ်နေတဲ့မင်းကို ကယ်ခဲ့တာလေ"
Yiboမှာ ထိုလူ၏စကားကို နားထောင်ရင်း မျက်လုံးအိမ်များ မငြိမ်မသက်ဖြစ်ကာ ဆောက်တည်ရာမရဖြစ်နေသည်။ သို့ပေသည့် ထီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အကာကွယ်ယူထားသည်။"ဘာလဲ ခင်ဗျားက ငွေလိုချင်လို့လား"
"မဟုတ်ဘူး"
"အနားတိုးမလာနဲ့! ခင်ဗျားထပ်တိုးလာရင် အသက်နဲ့ခန္ဓာအိုးစားကွဲသွားမယ်"
ထိုလူမှာ တိုးလက်စခြေကိုပြန်ဆုတ်ကာ မူရင်းနေရာမှာတင် တည်ငြိမ်စွာရပ်နေလိုက်သည်။"ခင်ဗျား ဘာလိုချင်တာလဲ! ဒီအချိန်ထိ ကျွန်တော့်အိမ်မှာဘာလို့နေနေတာလဲ"
"ငါဘာမှမလိုချင်ဘူး။ငါ့ကို ဒီမှာ ခဏနေခွင့်ပေးပါ"
"ဘာ!"
ထိုစကားကြောင့် Yibo၏ ဉီးနှောက်ထဲအတွေးပေါင်းစုံဝင်လာသည်။
*နိုင်ငံတော်က အလိုရှိနေတဲ့သူလား။ ဖမ်းဝရမ်းထုတ်ထားတဲ့ ဝရမ်းပြေးကောင်လား။ မူးယစ်ဆေးစွဲနေတဲ့မကောင်းတဲ့သူလား မ..မဟုတ်မှ လူသတ်သမားလား*ကြောက်စိတ်ကို မျက်နှာဘေးဖြင့်ဖုံးကွယ်ကာ
"ခင်ဗျား ပြစ်မှု့တစ်ခုခုကျူးလွန်ထားတဲ့သူလား!""မင်း ငါ့ပုံစံမြင်တာနဲ့ မသိဘူးလား"
ထိုလူမှာ အရပ်ရှည်သည်။ကုတ်အရှည်အမဲရောင်ကိုသေသပ်စွာဝတ်ဆင်ထားပြီး ၁၉ရာစုနောက်ပိုင်းက ဒီဇိုင်းကဲ့သို အနည်းငယ်ခေတ်နောက်ကျသောဝတ်စားပုံနှင့် အသားရောင်မှာ ဖျော့တော့နေသည်။
YOU ARE READING
My Saint Vampier 🧛♂️ (U+Z) Completed