My Saint Vampier (p-6)

1.6K 123 52
                                    

#Unicode

2:30 PM
Yiboတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်နေပါ၏။
*ကျစ် စိတ်ထိန်းစမ်း! မင်းဘာဖြစ်နေတာလဲ*
ဂနာမငြိမ်ဖြစ်နေသည်မှာက Băobăo။ ဘာကြောင့်မှန်းမသိ သက်ပြင်းများချလိုက် Yiboကိုကြည့်လိုက်လုပ်နေသည်။

*တော်ပြီကွာ ငါမရတော့ဘူး။*
အကြည့်တွေက အိပ်နေသောYiboဆီသို့။ Yiboမျက်နှာပေါ်သို့ လက်ဝှေ့၍ တစ်ချက်စစ်ဆေး၏။အလယ်တွင်ရှိနေသော ပစ္စည်းများကို တိုးတိတ်စွာဖယ်ပြီး အနားသို့ကပ်လာသည်။ ဘေးဘယ်ညာမှာလည်း လူသူမရှိ၍ တိတ်ဆိတ်လှသည်။

ဘေးအကြည့်မှာ စင်းနေသောနှာတံလေးနှင့် ပန်းနုရောင်သန်းနေသော နှုတ်ခမ်းလေး။ Băobăo၏ လက်ကYiboဆီသို့

ထိုနောက် လက်ညိုးလေးက ပါးကိုထိုးလိုက်၏။ နောက်တစ်ချက်ထပ်၍ ထိုးပြန်သည်။ တစ်စုံတစ်ခုကိုသုတေသနလုပ်ကာ ဖန်တီးနေရသောသူနှယ် မျက်နှာတွင်စိတ်လှုပ်ရှားမှု့အပြည့်။ ထို့နောက် နောက်တစ်ခါထပ်၍ ထိုးပြန်၏။ သဘောကျနေပုံများ အသံမထွက်နိုင်။

အောင်နိုင်သူကြီးအဖွယ် ဂုဏ်ဆာနေသောမျက်နှာဘေးဖြင့် ပစ္စည်းများပြန်တင်ပြီး ပုံမှန်အတိုင်းနေကာ

"Yibo.. Yibo ထတော့ ငါတို့တစ်ခြားနေရာသွားရဉီးမှာမလား Yibo"

"ဟင်....အင်းးးးးး (အိပ်မှုန်စုံဝါးဖြင့်) ဘယ်ချိန်တောင်ရှိသွားပြီလဲ"
🐾
🐾
🐾
🐾
🐾

သူ့အတွက်က မြင်မြင်သမျှကအထူးအဆန်းတွေလို။ ၃နှစ်သားလိုဟိုပြေးဒီပြေးနှင့် သူ့အမျိုးသူဘာလဲဆိုတာတောင်မေ့နေရလောက်သည်ထိ Yiboမှာလိုက်ထိန်းနေရသည်။

🦁🦁🦁
*ဟူး.....ပင်ပန်းလိုက်တာ မလှုပ်ချင်တော့ဘူးကွာ*
သွေးထုတ်ထားရသည့်သူ့အဖို့ တစ်နေကုန်လည်ပတ်လိုက်သည့်အတွက် အားတွေကမရှိတော့။ဧည့်ခန်းထဲက ဆိုဖာကြီးပေါ်တွင်ပင် ပစ်လှဲကာ အနားယူလိုက်သည်။
"Yibo နေမကောင်းဘူးလား။ မင်းမျက်နှာကဖြူဖတ်ဖြူရော်နဲ့"

"ကောင်းပါတယ်။ ဟာ...မေ့ခဲ့ပြန်ပြီ"

"ဘာကိုလဲ"

"ကျွန်တော်ခဲစံကုန်နေပြီ အဲ့တာဝယ်ရမှာ မေ့သွားတာ"

"ငါသွားပေးမယ်"

You've reached the end of published parts.

⏰ Last updated: Nov 10, 2020 ⏰

Add this story to your Library to get notified about new parts!

My Saint Vampier 🧛‍♂️ (U+Z) CompletedWhere stories live. Discover now