#Unicode
လေးဟန်၏ ကော်ဖီဆိုင်တွင်...
"လေးဟန်"
"အင်း"
"ကျွန်တော် ကျွန်တော်အကူညီတစ်ခုလောက်တောင်းလို့ရမလား"
"ပြောလေ"
"လေးဟန်အသိထဲမှာ သွေးလှူချင်တဲ့သူများရှိမလား"
"ဘာလို့လဲ ဘာကိစ္စရှိလို့လဲကောင်လေး"
"ဒီလိုပါ ကျွန်တော့်မိတ်ဆွေတစ်ယောက် သွေးလိုအပ်နေလို့"
"ဟုတ်လား ဘာသွေးလဲ လေးဟန်ရှာကြည့်ပေးမယ်လေ"
"ရတယ် ဘာသွေးနေနေ"
"Yibo"
"ဟုတ်"
"မဟုတ်သေးဘူးလေ သွေးအမျိုးအစားတော့သိမှရမှာပေါ့ မင်းမိတ်ဆွေက ဘာသွင်းသွင်းရတာလား"
"အာ...အာာာ ဟုတ်သားပဲ (ရောထွေးစွာရီပြီး) Aသွေး Aသွေးလေးရှာပေးပါနော်"
"အင်း လေးဟန်တစ်ချက်စုံစမ်းလိုက်မယ်"
____"မင်းလက်က ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ပါဘူး နဲနဲရှမိရုံလေးပါ"
"com သုံးနိုင်ရဲ့လား? လက်နဲ့မရရင် ခြေထောက်နဲ့ စကေးတွေဘာတွေထုတ်သုံးနော်"
"အေးးးးး အဲ့ခြေထောက်က မင်းကိုဆောင့်ကန်ဖို့ပဲသုံးမှာ"
ပိုင်ရှင်မရှိသော Yiboအခန်းသို့ တိတ်တဆိတ်ဝင်လာတဲ့ Băobăo
ယောင်္ကျားလေးအခန်းဆိုသော်ငြားလည်း ရှုပ်ပွရလောက်သည်ထိတော့ အခြေနေမဆိုးလှ။မီးခိုးရောင်အိပ်ယာကြီးနှင့် သပ်ရပ်စွာပင်ရှိနေသည်။ ဟိုကိုင် ဒီကိုင်လုပ်နေရင်း အခန်းတစ်ခုကို ထပ်တွေ့လိုက်သည်။ဂျောက်~~
ပုံသဏ္ဍန်စုံလှသော Legoရုပ်မျိုးစုံတင်ထားသည့် စင်ကြီး၊ နောက်တစ်စင်တွင် Helmetမျိုးစုံနှင့် ဓာတ်ပုံအချို့ ထို့နောက်တစ်ဆက်ထဲပင် စကိတ်ဘုတ်များလည်းတွေ့လိုက်ရသည်။ Helmet တစ်လုံး၏ရှေ့မှ ဆိုင်ကယ်မောင်းနေသောလူတစ်ယောက်၏ ဓာတ်ပုံကိုကြည့်ပြီး*ဒါ Yiboလား*
______
"အင်း သိပါတယ်မိန်းမရဲ့ ကိုခေါ်ခဲ့ပါ့မယ် အင်းး အဲ့တာဆိုဒါပဲနော်"
YOU ARE READING
My Saint Vampier 🧛♂️ (U+Z) Completed