Ep4

54 7 0
                                    


(Unicode)
Jeon POV:
**အား ကျွတ် ကျွတ် ခေါင်းတွေကိုက်လိုက်တာ
ညက သောက်တာ များသွားခဲ့တာပဲ
ဟုတွေးနေရင်း Hoobin ထဲမှ ဖုန်းဝင်လာလေသည်။**

"ဟယ်လို အေး ပြော"

"Boss စုံစမ်းခိုင်းထားတဲ့ အကြောင်းပြောမလို့ပါ"

"ဟုတ်ပြီ...Company ရောက်မှ အေးဆေး ပြောကြတာပေါ့ အခု အိမ်အောက်ရောက်နေပြီမလား ခဏစောင့် ငါ ဆင်းလာမယ်"

"ဟုတ်ကဲ့ Boss"

မနက် ၉:၀၀ နာရီ အတိတွင် Company ကို ရောက်လာခဲ့ကြသည်။
" အခြေအနေ ဘယ်လိုလဲ"

"ဟုတ်ကဲ့ Boss ကျွန်တော် စုံစမ်းကြည့်လိုက်တော့ အနီးအနားမှာ ရှိတဲ့ CCTV တွေ အကုန်ဖျက်ထားတယ် Boss ပြီးတော့ ရဲစခန်းတွေမှာလည်း အဲ့လို အမှုကို ရှာမတွေ့ဘူး Boss"

"ဟုတ်ပြီ မင်းသွားလို့ရပြီ"

**သေချာတာကတော့ ဒါSooyoon ရဲ့ လက်ချက်ပဲဖြစ်ရမယ် မဖြစ်တော့ဘူး သူမကို ဖုန်းဆက်ပြီး ပြောကြည့်ရမည်။
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စိတ်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါ"

ဒီလောက်အတန်တန် ပြောနေတဲ့ ကြားထဲက
လူမဆန်တဲ့ ညီမတစ်ယောက်ရှိတာ အံ့ဩလို့ မဆုံးပေ။Hoobin လာပို့သော စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပြီး လုပ်လက်စ အလုပ်ကို ဆက်လုပ်နေလိုက်တာ နေ့လည်စာ စားချိန်တောင် ရောက်နေသည်။နေ့လည် ကို ထမင်းစားချင်စိတ်မရှိတာသော်လည်း Coffee ဆိုင်တော့ သွားထိုင်ရမည်။တစ်နေ့ လောက် ထမင်း မစားနဲ့ဆို နေနိုင်တယ် Coffee ကိုတော့ မသောက်ရ မနေနိုင်ပေ**

Coffee ဆိုင်ကို သွားမယ် လုပ်နေတုန်းမှာပဲ ကလေးကို တွေ့လိုက်သောကြောင့် Company ရဲ့ အဝင်ဝနားမှာ ရပ်နေလိုက်သည်။

ရောက်လာတော့လည်း ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ပြောချင်ရာတွေ ပြောနေလေသည်။**အမြဲ ဆူပုတ်နေတဲ့ ကောင်လေးက ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းနေတာပါလိမ့်။ အသည်းယားပြီး နမ်းပြစ်ချင်လာသော စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသေးသည်။**

"မင်းကို လူတွေ ကြည့်နေတာနော် ဆိုင်တစ်ဆိုင်သွားပြီး ပြောကြတာပေါ့"

Tell me "You love only  me"Where stories live. Discover now