Ep7

43 4 0
                                    

(Unicode)

Jeon Jungkook POV:
မနေ့က Taehyung အား ဆေးခတ်လိုက်တဲ့ သူကိုHoobin အား စုံစမ်းခိုင်းလိုက်တော့ ထင်နေတဲ့ အတိုင်း Malia ဆိုသော မိန်းမ ပင်ဖြစ်နေသောကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး အရေးယူခိုင်းလိုက်သည်။
**ကလေးကို ထိတဲ့လူမှန်သမျှ ငါ့ ရန်သူပဲ**

မနက်မိုးလင်းတော့ Taehyung ရှိသည့် အခန်းဆီမှ ဆူညံသံတွေ ကြားနေရသောကြောင့် ဒေါ်ကြီးကို သွားကြည့်ခိုင်းလိုက်သည်။

"သခင်လေး လာကြည့်မှရမယ်နဲ့တူတယ် ဒေါ်ကြီးကို တံခါးဖွင့်မပေးဘူး"

"ဒီကလေးကတော့ကွာ..."

Jungkook တစ်ယောက် သော့အပို တစ်စုံကို လက်ကကိုင်သွားပြီး Taehyung ရှိရာအခန်းသို့ ဝင်သွားသည့်အခါ...ပစ္စည်းများအား အကုန် လွှင့်ပစ်ထားသည်ကို တွေ့ရသဖြင့် ဒေါသ ထွက်သွားလေသည်..။

"တောက်...မင်း .ဘာလုပ်နေတာလဲ Taehyung "

"ခင်ဗျား ခင်ဗျားဗျာ လူစိတ်မရှိတော့ဘူးလား ကျွန်တော့်ကို ဘာလို့ခေါ်လာရတာလဲ ...အခုလွှတ်​ပေး လွှတ်ပေး "
ဆိုပြီး ကျယ်လောင်စွာနဲ့ အော်ဟစ်နေသည်။

"မင်း ကြိုက်သလောက်အော်လို့ရတယ် ဒါပေမယ့် မင်းအသံလေးကို ဘယ်သူကမှ ကြားမှာမဟုတ်ဘူး ဟား.ဟား..ဟား ပြီးတော့ မင်းကို ပြန်လွှတ်ပေးစရာလား မဟုတ်ရင် အစကတည်းက ဘယ်ဖမ်းထားမလဲ "

"Hobi သာ သိသွားလို့ကတော့ ခင်ဗျားမလွယ်ဘူးမှတ်.... ခင်ဗျားကြီးကို ထောင်ချပစ်မယ် ခင်ဗျားကြီးကို မုန်းတယ် မုန်းတယ် ကျွန်တော့်ကို အခုလွှတ်ပေး..."

"မင်းကောင်အကြောင်းကို ထည့်မပြောနဲ့ ပြီးတော့ မင်းကို ဘာ လို့ ခေါ်လာလဲ ဟုတ်လား ...ဟုတ်ပြီ ငါ အခုဖြေမယ် မင်းလေးကို ချစ်လို့ မင်း မြဲမြဲမှတ်ထား ဖို့က မင်းကို ငါပိုင်တယ်"

"ဒေါ်ကြီး သူ့ကို လွှတ်ထားလိုက် ...ကျွန်တော့်အမိန့် မပါဘဲ သူ့ကိုရေတောင်မတိုက်ရဘူး ကြားလား"

"ဟုတ်ကဲ့ပါ သခင်လေး"
ကလေးကို တံခါးသော့ခပ်ပြီး ထားခဲ့လိုက်သည်။အမှန်ဆိုလျှင် စကားကို ဒီလောက်အထိ ကြမ်းကြမ်းတမ်းတမ်းပြောချင်တာမဟုတ်ပေမယ့် သူ့အမူအရာတွေက ကိုယ့်ကို စိတ်တိုစေတာကတော့ အမှန်ပါပဲ...။

Tell me "You love only  me"Where stories live. Discover now