Ep10

42 5 0
                                    

(Unicode)
morning ~ကလေး " ဟူသော နှုတ်ဆက်သံ ကို ခဏ ခဏ ကြားနေရပေမယ့် ယခုဆို သူ အိမ်ပြန်မလာတာ ၂ ပတ်လောက် ရှိနေချေပြီ။
"ငါ သူ့ကို လွမ်းနေတာလား??? မဟုတ်လောက်ပါဘူး..Kim Taehyung မင်း ဘာတွေ တွေးနေတာလဲ " ဟုသာ အတွေးတွေကို ခေါင်းထဲမှ ခါထုတ်လိုက်ရသည်။**

ဒေါ်ကြီး ရောက်လာတော့...
"ဒေါ်ကြီးရေ...ဟိုလူကြီး အိမ်ပြန်လာတာ မြင်မိသေးလားဟင်"

"ဪ သခင်လေးလား..သူ ခရီးထွက်နေရတယ် ကလေးကို ဂရုစိုက်ဦးလို့ ဒေါ်ကြီးကို ဖုန်းဆက်တယ်.."

"ဪ ဟုတ်.. ဒေါ်ကြီး"

သူ အိမ်မှာ မရှိတုန်း Hobi ကို ဖုန်းဆက်ရမည် ဖြစ်သောကြောင့် ဒေါ်ကြီး အလစ်မှာ ဖုန်းခိုးဆက်လိုက်သည်..။
အလွတ်ရနေသော ဖုန်းနံပါတ် တစ်ခုကို ရိုက်နှိပ်လိုက်တော့....

"ဟယ်လို Hobi....ငါပါ Taehyung"

"ဘာ Taehyung!!!!မင်း မင်း အခုဘယ်ရောက်နေတာလဲ....?မင်း နေရတာ အဆင်ပြေရဲ့လား..?အလုပ်နဲ့ ခရီးသွားနေရတာရော ဟုတ်ရဲ့လား..?စိတ်ပူလိုက်တာ ပြောပါဦး"

"ငါ နောက်မှ အသေးစိတ် ရှင်းပြပါ့မယ်..လောလောဆယ် ငါ ပြောတဲ့ နေရာကို လာခဲ့ပေးပါ..တခြား ဘယ်သူကိုမှ ခေါ်မလာပါနဲ့နော်..ပြီးတော့ အဖေ့ကိုရော မပြောပြနဲ့ဦး"

"အေးအေး..ငါ အခုလာခဲ့မယ် လိပ်စာပြော..."

>>>
Taehyung ပြောသော လိပ်စာအတိုင်း လိုက်သွားတော့ ကမ်းခြေ နားက အိမ်တစ်လုံးကို တွေ့လိုက်ရသည်..။
ခြံထဲ ဝင်သွားလိုက်တော့ Taehyung လေးကို မြင်လိုက်ရတော့ အတိုင်းမသိ ပျော်သွားမိခဲ့သည်...။
ကားပေါ်က ဆင်းသွားလိုက်ပြီး Tae လေးအား ပြေးဖက်လိုက်မိလိုက်သည်။

"Hobi..ငါ့ကို ဒီနေရာကနေ အမြန်ဆုံး ခေါ်သွားပေးပါကွာ."

"အေး....လာ သွားကြမယ်"

**အလာတုန်းကတော့ Taehyung ကို ပြေးတွေ့ချင်နေတဲ့ စိတ်ကြောင့် မြန်မြန် မောင်းလာခဲ့သောကြောင့် ခဏလေးဟုပင် ထင်လိုက်ရသည်.။အပြန်ကျတော့ မောင်းနေတာ တော်တော်ကြာနေပြီ ဆိုပေမယ့် ခရီး တစ်ဝက်သာ ရောက်သေးသည်။
Tae လေးကို ကြည့်လိုက်တော့ အိပ်ပျော်နေလေသည်။ဘယ်လောက်တောင် ပင်ပန်းခဲ့တာပါလိမ့်***

Tell me "You love only  me"Where stories live. Discover now