Ep9

33 4 0
                                    

(Unicode)
"ကျောင်းက ပြန်လာတော့ တကိုယ်လုံး နုံးချိနေသောကြောင့် ရေ အမြန်ချိုးလိုက်ရသည်..။ယနေ့ဆို Tae လေး ကိုယ့်ရဲ့ ဘေးနားမှာ မရှိတာ တစ်လလောက်တောင် ပြည့်သွားချေပြီ။
"လွမ်းလိုက်တာကွာ"
ဟုသာ စိတ်ထဲတွင် အခါခါ ရေရွတ်နေမိသည်။

**မကြာသေးခင်က သူ့ဆီ ဖုန်းစိမ်း တစ်ခုဝင်လာခဲ့သော်လည်း ဘာသံမှ မကြားရသဖြင့် ချလိုက်ရသည်။
စိတ်ထဲတွင် Tae တစ်ယာက် ဖုန်းခေါ်သည် ဟု ထင်မိသောကြောင့် ပြန်ခေါ်သ်ေလည်း ဖုန်းက စက်ပိတ်သွားခဲ့သည်။
စိတ်ပူလိုက်တာကွာ အလုပ်ကြောင့် နိုင်ငံခြား သွားနေရတာ့ ဟုတ်ပါပြီ ဘာလို့ ကိုယ့်ကို အဆက်အသွယ် တစ်ချက်လေးတောင် ဆက်ဖို့ ဘာလို့ မစဉ်းစားခဲ့ရတာလဲကွာ။**

Tae လေးမရှိသဖြင့် သူလေးရဲ့ အဖေ့ ဆီကို နေ့တိုင်းလိုလိုသွားပြီး အားပေးစကားများ ပြောကာ ပြုစု​ပေးခဲ့သည်။ယခု လည်း Tae တို့အိမ်ရှေ့ ရောက်ခဲ့ပြန်တော့ ဦးလေး တစ်ယောက် သူ့အိမ်ရှေ့မှာ ပန်းပင်များအား ရေလောင်းနေသောကြောင့် ခြေထောက် အခြေအနေက လည်းတော်တော်လေးကို ကောင်းနေချေပြီ။ဆေးရုံက အမည်မသိသော သူတစ်ယောက်က ဦးလေးအား နိုင်ငံခြားတွင် ဆေးကုသ ပေးခဲ့သောကြောင့်ပင် ဖြစ်လေသည်။

"သား လာလေ...ဘာတွေ ရပ်ကြည့်နေတာလဲကွ"

"ဟုတ်....ဦးလေး ဆေးသောက်ပြီးပြီလား"

"မသောက်ရသေးပါဘူးကွာ....ထမင်းတောင် အခုမှ စားပြီးတာ"

"ဪ ဟုတ်...ကျွန်တော် ဆေးထည့်ပေးမယ်နော်"

"ကျေးဇူးပါ သားရယ် ....ပြီးတော့ သား သူငယ်ချင်း အကြောင်းကိုအရမ်း စိတ်ပူမနေနဲ့ဦးနော် သူအဆင်ပြေနေတယ်တဲ့လေ လောလောဆယ်တော့ ပြန်လာလို့ မရသေးဘူးတဲ့"

"ဗျာ ...Tae က ဦးလေးကို ဖုန်းဆက်သေးတာလား"

"မဟုတ်ဘူး ...သူ့ Boss က ဖုန်းဆက်တာကွ သား အဆင်ပြေတယ်တဲ့ ....ပြီးတော့ ခရီးတွေသွားရတာကြောင့် ဖုန်းမဆက်အားတာတဲ့"

"ဟုတ်လား"
ဟုသာ ပြန်ဖြေလိုက်လေသည်။ဦးလေးကို ဆေးတိုက်ပြီး အိမ်သို့ စောစော ပြန်လာခဲ့လိုက်သည်။
**Taehyung အလုပ်ကြောင့် ထွက်သွားရတယ်လို့ ဘာလို့ မယုံကြည်နိုင်အောင် ဖြစ်နေရတာပါလိမ့်။သူ့ boss ကရော ဘယ်သူလဲ???ဟိုJungkook တော့ မဖြစ်နိုင်ဘူးမလား??**

Tell me "You love only  me"Where stories live. Discover now