❣️Unicode Version❣️
လည်ပင်းနားကနာကျင်မှုနဲ့အတူ လက်နဲ့ခြေထောက်နားကပါ စပ်ဖျင်းဖျင်းနဲ့ တဆစ်ဆစ်နာကျင်နေသည်။ရေစိုနေသော အင်္ကျီစမှ မှိုနံ့ကို မသိမသာလေးရနေပါသည်။ဘာရယ်ကြောင့်မှန်းမသိ ရေမွှန်းနေသလိုပါ ခံစားနေရသည်။မျက်လုံးကို အားတင်းပြီးဖွင့်ကြည့်ရာ မြင်ရသောအရာများက မသဲမကွဲ မှုန်ဝါးဝါးနှင့်...။ထိုစဉ် မိမိပေါ်သို့ လူတစ်ယောက်မတ်တပ်ခွရပ်လိုက်ပြီး ခေါင်းပေါ်သို့ ရေလောင်းချလိုက်တော့သည်။လက်ကိုကြိုးနဲ့ချည်ထားသောကြောင့် မျက်နှာပေါ်မှ ရေများကို လက်နဲ့သုတ်မရဘဲ ရေပါသီးသွားကာ..."အဟွတ် ဟွတ် အဟွတ်..."
ဘေးတစ်စောင်းနေလျှက်ဖြစ်သောကြောင့် နားထဲလည်းရေဝင်ကုန်သည်။နာကျင်မှုများကြောင့် နည်းနည်းရုံးလိုက်မိသည်။ဒီအတိုင်းငြိမ်နေတာကမှ ပိုကောင်းဦးမည်။နာကျင်မှုများက အသိစိတ်ဝင်လာသည်နှင့်အမျှ ပိုပိုဆိုးလာသည်။ထိုအချိန် လူတစ်ယောက် မိမိလည်ပင်းနားမှ အင်္ကျီစအား ဆွဲလိုက်ပြီး မတ်တပ်ထစေကာ တစ်ခုသောခုံပေါ်မှာ ထိုင်စေလိုက်သည်။
အခန်းမီးအလင်းရောင် ခပ်သဲ့သဲ့အောက်တွင် အင်္ကျီအနက်ကုတ်ဖြင့် လူတစ်ဦးအား သဲကွဲစွာ ထင်ထင်ရှားရှားကြီးတွေ့လိုက်ရသည်။"နိုးလာပြီလား..."
ကြားဖူးသောလူတစ်ယောက်အသံနဲ့ခပ်ဆင်ဆင်။ဒါပေမယ့် ကြားဖူးသောအသံက ခပ်စူးစူး အခုက ခပ်ဩဩ။
"ခင် ခင်ဗျားတို့ ဘယ်သူတွေလဲ"
အားအင်ကုန်ခမ်းနေသည့်ကြားမှ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်မိသည်။
"ငါတို့ကိုလာပြန်မမေးနဲ့..."
"ကျုပ်ကိုလွှတ်ပေး"
ရင်ဘက်ထဲမှ လည်ချောင်းထဲမှ အသိစိတ်ထဲမှ ရှိသမျှအသံအကုန် အားကုန်ထုတ်၍ အော်ပြောလိုက်ခြင်းဖြစ်သည်။ပါးစပ်နားမှာလည်း သွေးကတစ်စနှစ်စ။
"မင်းက လှပျိုဖြူကို ငါ့နှလုံးသားထဲကနေ ကွက်ကြော်ရိုက်သွားတဲ့ ဘဲကြီးဦးမျိုးသူရဲ့သားမလား"
နွေဦး ထိုသူအား မျက်နှာချင်းဆိုင် ခပ်စူးစူးကြည့်လိုက်ပြီး...

YOU ARE READING
Raindrops
Short StoryHello! သာသာNEOပါ ဒီBL Ficလေးကတော့ သာသာကိုယ်တိုင် ပထမဆုံးရေးဖူးတဲ့Ficလေးဖြစ်ပြီး Publicမှာချပြဖူးတာပေါ့နော်☺️ ဇာတ်လမ်းထဲမှာပါတဲ့ အဓိကဇာတ်ကောင်တွေကတော့ Nway Oo Khant Ko Ko Maung Khant Nyi Nyi Maung U Myo Thu Hla Pyo Phyuတို့ပဲဖြစ်ပါတယ် ဒီထဲမှာ KKKM K...