Raindrops 5(Final)🌻

167 13 6
                                        

❣️Unicode Version❣️

ခန့်ကိုကိုမောင်ဆေးရုံအပေါ်ထပ်ကိုတက်လာတော့ အပေါ်ထပ်မှာ လူကသိပ်မရှိ။တည်ငြိမ်စွာနဲ့ အေးအေးဆေးဆေးလေး မတ်တပ်ရပ်လိုက်မိသည်က ဦးမျိုးသူအခန်းရှေ့တွင်ဖြစ်သည်။အတော်လေးကြာမှ အခန်းတံခါးကို ဖွဖွလေးဆွဲဖွင့်လိုက်ပြီး အခန်းထဲသို့ တည့်တည့်မတ်မတ်လျှောက်သွားကာ ဦးမျိုးသူကုတင်ဘေးမှာ မတ်တပ်ရပ်နေလိုက်သည်။
လောကကြီးတစ်ခုလုံးကိုမေ့ပြစ်ကာ ကုတင်ပေါ်မှာမေ့မျောနေသောဦးမျိုးသူအား ခန့်ကိုကိုမောင်ကြည့်နေရင်းနဲ့ ကျေနပ်ပြုံးလေးတစ်ခုပြုံးလိုက်လေသည်။ထို့နောက် အတွင်းအင်္ကျီအိတ်ထဲမှ အလွန်ဟောင်းနွမ်းနေပြီဖြစ်သော ဓာတ်ပုံလေးတစ်ပုံယူထုတ်လိုက်သည်။ဓာတ်ပုံလေးက ဆယ်ကျော်သက်လူငယ်လေးနှစ်ယောက်အတူတွဲ၍ ရိုက်ထားသောပုံ။တစ်ယောက်က မိန်းကလေး။ထိုသူမသည် သူတို့ရဲ့အမေ။နောက်တစ်ယောက်က ယောကျာ်းလေး။ထိုသူသည်...။
ခန့်ကိုကိုမောင်ရဲ့ နာကျဉ်းမှုတွေက ထိုအချိန်မှာ တစ်ဖန်ပြန်လည် နိုးကြွလာခဲ့တော့သည်။ဓာတ်ပုံထဲမှ ယောက်ျားလေးကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်ကာ ထိုဓာတ်ပုံကိုခုံပေါ်မှာပဲ တင်ထားလိုက်သည်။ထိုပုံကိုမြင်လျှင် ဦးမျိုးသူကို သူဘာလို့သတ်ရလဲဆိုတာ ခန့်ညီညီမောင် သိလိမ့်မည်။ပြီးတော့ နွေဦးနဲ့ဘယ်လိုပတ်သတ်နေတယ်ဆိုပါ သိလိမ့်မည်ဖြစ်သည်။

"ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက ခင်ဗျားကြောင့်ပဲ ဦးလေး ဦးလေးကြောင့် ကျုပ်တို့အမေ မသေသင့်ဘဲ သေရတယ် ကျုပ်တို့ဘဝတွေလည်း စုန်းစုန်းမြုတ် ပျက်စီးခဲ့ရတယ် အားလုံးကခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ကြီးပဲ ခင်ဗျားကို ကျုပ်တို့ဦးလေးမှန်းစသိခဲ့တဲ့အချိန်ကတည်းကခင်ဗျားကိုသတ်ချင်ခဲ့ပေမယ့် ခင်ဗျားဒုက္ခရောက်ပြီး ခင်‌ဗျားတို့မိသားစုစိတ်ဆင်းရဲတာကို ကျုပ်မြင်ချင်ခဲ့လို့ မသတ်ပြစ်ခဲ့တာ ဟင်း... ဒါပေမယ့် ဒီ‌နေ့ကတော့ ခင်ဗျားရဲ့သေနေ့ပဲပေါ့..."

ခန့်ကိုကိုမောင်စိတ်ထဲမှာ မုန်းတီးစွာပြောနေတဲ့ထိုစကားသံတွေက လက်တွေ့မှာမျက်ရည်ကျလောက်တဲ့အထိပင်။ဦးမျိုးသူက သူတို့ဦးလေးဖြစ်တယ်ဆိုတာ သူ့ချစ်သူလှပျိုဖြူကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းရင်း သိခဲ့ရခြင်းဖြစ်သည်။တစ်ပြိုင်နက်တည်း သူပြန်ပေးဆွဲခဲ့တဲ့ကလေးဟာလည်း သူ့ညီဝမ်းခွဲဆိုတာသိလိုက်ရသည်။သို့သော် ချစ်တဲ့စိတ် တစ်စက်မှမရှိ။
ဦးမျိုးသူတို့မိသားစုတစ်ခုလုံးကို သတ်ပြစ်ချင်လောက်အောင် မုန်းနေသော်လည်း အရင်ကသူတို့ခံစားခဲ့ရသလို ဒုက္ခများသာပေးခဲ့သည်။ကြားထဲက ဘာမှန်းမသိဘဲ ဒယ်ဒီ့ရဲ့အပြစ်တွေကိုပိုပြီးခံစားရသူကတော့ နွေဦးသာ...။

RaindropsWhere stories live. Discover now