❣️Unicode Version❣️
နွေဦး ရဲစခန်းဆီသို့ Taxiနဲ့ပဲပြန်လာခဲ့သည်။ကြီးမေဆီမှာတော့ Taxiခမတောင်းခဲ့။Wave Payထဲမှာပဲ Taxiခ လိုသလောက်ထုတ်ပြီး ရှင်းလိုက်ရသည်။
နွေဦးရဲစခန်းရောက်တော့ ခုဏကလူတွေမရှိတော့။ရဲစခန်းထဲကိုကြည့်ပြန်တော့လည်း လူကခပ်ရှင်းရှင်း။အထဲဝင်လာခဲ့တော့ လှပျိူဖြူနဲ့ တာဝန်ရှိရဲတွေနဲ့က လွဲပြီးအခြားသူတွေမရှိတော့။ဘယ်မှာလည်း ပြစ်မှုကျူးလွန်သူ...???။
လှပျိုဖြူက ရဲတစ်ယောက်နဲ့စကားပြောနေရာမှ နွေဦးကိုတွေ့တော့ ထိတ်ထိတ်ပြာပြာနဲ့..."ဟင် နွေဦး"ဆိုပြီး ရေရွတ်လိုက်သည်။နွေဦး ထိုနားသို့သွား၍...
"ခန့်ကိုကိုမောင် ဘယ်မှာလဲ"
နွေဦးရဲ့တုန်ရီနေတဲ့အသံတွေက မပျောက်သေး။ခန့်ကိုကိုမောင်အပေါ် မကျေနပ်ချက်တွေနဲ့ နာကျဉ်းစိတ်တွေက နွေဦးရဲ့မျက်လုံးမှာ သိသာပီပင်စွာ...။
ထိုအခါ ရဲမှူးတစ်ယောက်မှ..."သူကို ဒီကအစ်မရဲ့ အာမခံနဲ့လွှတ်ပေးလိုက်ပါတယ်"
ဟင်...။နွေဦး ကိုယ့်နားတောင် ကိုယ်မယုံနိုင်အောင်ပင်။ဘာတဲ့...။လှပျိုဖြူရဲ့ အာမခံနဲ့လွှတ်ပေးတယ်။နွေ ဦး ဆွံ့အလျှက် စကားတွေပါ အထစ်ထစ် အငေါ့ငေါ့။
"ဘာ! ဘာပြောလိုက်တာ သူ့ရဲ့အာမခံနဲ့?????"
လှပျိုဖြူကတော့ မျက်စိပျက် မျက်နှာပျက်နှင့် နွေဦးစကားအမှားတွေ ပါကုန်မှာကြောက်တာကြောင့်...
"ကျွန်မကို ခွင့်ပြုပါဦး"ဟု ရဲမှူးဆီမှာ ခွင့်တောင်းကာ နွေဦးလက်ကိုဆွဲရင်း ရဲစခန်းထဲမှ ထွက်လာခဲ့သည်။နွေဦးလည်း ဘာစကားမှမပြောနိုင်။ကြက်သေသေနေသလိုပင် လှပျိုဖြူနောက်ပါလာခဲ့သည်။အတော်ကြောက်စရာကောင်းပါလား...။
ו•×••×••×••×••×••×••×••×••×••×••×••×••×••×••×••×••×
လှပျိုဖြူ၏ကားပေါ်တွင် နွေဦးစကားတစ်ခွန်းမှမပြော။လှပျိုဖြူလည်း ဘာမှမပြော။နှစ်ယောက်လုံးစိတ်က အိမ်ရောက်မှာကိုပင်...။
နွေဦးရဲ့အကြောင်းနဲ့နွေဦးရဲ့စိတ်ကို လှပျိုဖြူလည်း အတော်လေး သိထားပြီးပြီမို့ အိမ်ရောက်လျှင်တော့ ပြသနာ အနည်းနဲ့အများ တက်တော့မယ့်အရေး လှပျိုဖြူတစ်လမ်းလုံးတွေးပြီး စိတ်ပူနေမိသည်။ခန့်ကိုကိုမောင်ကို လွှတ်ပေးလိုက်မိတာကိုက သူမအမှားလား???။
အိမ်ရောက်တော့လည်း ကားပေါ်ကဆင်းပြီးကတည်းက နွေဦးဘာစကားမှ မပြောသေး။အိမ်ထဲကိုသာ အေးအေးဆေးဆေးဝင်သွားသည်။
ငယ်ငယ်လေးကတည်းက နွေဦးမှာPhychoတစ်ခုရှိသည်။အကြီးအကျယ်ပေါက်ကွဲတော့မယ်ဆိုလျှင် ပြသနာတွေ မဖြစ်ခင်အချိန်အနည်းငယ်အတွင်း ဘာစကားမှမပြော။ဘယ်သူ့ကိုမှ ဘာမှမပြော...။
အိမ်ထဲရောက်တော့ လှပျိုဖြူက ထိုင်ခုံမှထိုင်လိုက်သည်။နွေဦးကတော့ ဧည့်ခန်းထဲမှ ရေခဲသေတ္တာဆီသို့ တန်းတန်းမတ်မတ်သွား၏။နွေဦးလုပ်သမျှအား လှပျိုဖြူ မျက်စိထောင့်ထောက်ကြည့်နေမိသည်။ရေခဲသေတ္တာထဲမှ ပဲနို့ပုလင်းအား နွေဦးယူထုတ်လိုက်ကာ အဖုံးကိုလည်း သွားနဲ့ပဲကိုက်ပြီး ဖွင့်သောက်လိုက်သည်။နွေဦး ပဲနို့သောက်နေတုန်း လှပျိုဖြူက အိတ်ထဲမှ ပစ္စည်းအချို့ယူထုတ်နေစဉ်...
YOU ARE READING
Raindrops
Historia CortaHello! သာသာNEOပါ ဒီBL Ficလေးကတော့ သာသာကိုယ်တိုင် ပထမဆုံးရေးဖူးတဲ့Ficလေးဖြစ်ပြီး Publicမှာချပြဖူးတာပေါ့နော်☺️ ဇာတ်လမ်းထဲမှာပါတဲ့ အဓိကဇာတ်ကောင်တွေကတော့ Nway Oo Khant Ko Ko Maung Khant Nyi Nyi Maung U Myo Thu Hla Pyo Phyuတို့ပဲဖြစ်ပါတယ် ဒီထဲမှာ KKKM K...