Chapter-5

1.9K 451 7
                                    

[Unicode]ရှုယွမ်ထွက်သွားတာ ရှစ်ရက်လောက်ရှိပြီ။ လင်းရှောင်အာမျက်ကွင်းတွေလည်း ကျနေပါပြီ။

အခုနောက်ပိုင်း အိပ်မပျော်တာ တော်တော်ဆိုးလာတယ်။ တစ်အချက်က အိပ်လို့မရတာ။ နှစ်အချက်က အိပ်လိုက်ရင်လည်း ပေါက်ကရအိပ်မက်တွေမက်တာ။ ဘယ်လိုအိပ်မက်တွေလည်းဆိုတာ ပြီးခဲ့တဲ့အပိုင်းမှာ ပြန်ကြည့်ပါ။ ပိုဆိုးတာကတော့ ပုံရိပ်တွေက ပိုထင်ရှားလာတာပါပဲ။ ဘယ်လောက်ထိတောင်လဲဆို ရှုယွမ်မျက်နှာကြီးတောင် သိသိသာသာ မြင်လာရတာ။

လင်းရှောင်အာတစ်ယောက် ကုတင်ပေါ် ခြေကားယား လက်ကားယား ပက်လက်လှန်အိပ်ပြီး မျက်နှာကြက်ကို ငေးနေတယ်။ မျက်လုံးထဲလည်း မျက်ရည်စတွေနဲ့။ အရင်ကဆို အလုပ်ပြီးတာနဲ့ အိမ်တန်းပြန်။ ဒါပဲသိတယ်။ အခုတော့ အလုပ်လည်းမလုပ်နိုင်တဲ့အပြင် အိမ်ရောက်တော့လည်း မပျော်တော့ဘူး။ အစားအသောက်တွေလည်း အရသာမရှိ၊ သီချင်းဆိုတာ၊ ကခုန်တာတွေကလည်း ပျော်စရာမကောင်းတော့ဘူး။ သူအရမ်းကြိုက်ရတဲ့ ဝတ္ထုအပိုင်းသစ်ထွက်လာလို့ ဖတ်ရင်တောင် အရင်ကလို ပျော်မနေတော့ဘူး။ အဆိုးဆုံးကတော့ လေယာဉ်တောင် မလွှတ်ရဲတော့ပါဘူး……

ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်လိုပဲ……

အသိစိတ်ကင်းမဲ့နေတဲ့ခန္ဓာကိုယ်နဲ့ ဘေးကဖုန်းကိုကောက်ကိုင်လိုက်တယ်။ ပြီးတော့ နံပါတ်တစ်တွဲကို နှိပ်လိုက်တယ်။ ဖုန်းချိတ်မိသွားတော့ သတိဝင်လာပြီး ချက်ချင်းဖုန်းချပစ်လိုက်တယ်။ သူရဲဘောကြောင်လွန်တဲ့ သူ့ကိုယ်သူလည်း အကြိမ်ကြိမ်ဆဲနေမိတယ်။ ရှုယွမ်နဲ့ ရှင်းရှင်းလင်းလင်း ပြောပြီးပြီမို့ ဘာကြောင့်သူ့အသံကို နားထောင်ချင်နေရသေးတာလဲ။

လင်းရှောင်အာ သူ့ကိုယ်သူ ဆဲဆိုနေတုန်း ရှုယွမ်က ပြန်ဖုန်းဆက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ လင်းရှောင်အာ မြည်နေတဲ့ဖုန်းကို ကြောင်အမ်းအမ်းနဲ့ကြည့်နေတယ်။ လက်တွေလည်း တုန်နေတယ်။ ခေါင်းထဲလည်း ဘာမှတွေးလို့မရဘူး။ ဖုန်းမြည်သံရပ်သွားမယ့်အချိန်ကိုပဲ စောင့်နေမိတယ်။ ဒါပေမယ့် အသက်တောင် ဝဝမရှုရသေးဘူး။ ဖုန်းက ထပ်မြည်လာပြန်တယ်။ သူပြန်မဖြေမချင်း ဆက်မြည်နေဦးမယ့်ပုံပဲ။

အသံရဲ့ညှို့အား[Completed]Where stories live. Discover now