(Uni)
Omma - Jennie နင်အဲ့လိုတွေဘဲအလေလိုက်နေလိုက်နော် Company ကိုကျအာရုံကိုမရှိဘူး ဒီကလေး
Jen - Ommaကလည်းစောစောစီးစီးလူကိုလာဆူနေတယ် ပြီးကျလုပ်မှာပေါ့ Company ကို အခုတော့လွတ်လွတ်လပ်လပ်ဘဲနေချင်သေးလို့ပါ Omma ရဲ့
Appa - ဟုတ်သားဘဲကွာ မေကြီးကလည်း သမီးလေးလည်းလွတ်လွတ်လပ်လပ်နေချင်မှာပေါ့ လွှတ်ထားလိုက်ပါ
Omma - သားအဖနှစ်ယောက်လိုက်လည်းလိုက်တယ် မပြောတော့ဘူး
Jen - အဲ့ဒါကြောင့်မို့ Appa ကိုချစ်တာ သွားပြီ Appa Bye...
Chaeyoungအိမ် လမ်းလျှောက်ရင်းသာလာခဲ့လိုက်တယ် Chaeyoung ဆိုတာ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းကြီးပေါ့ ဆိုးတူဆိုးဖက်လေ ကဲချင်စိတ်နဲ့အလောတကြီးသာ လာခဲ့တော့ လမ်းမှာမိုးကရွာချတယ်လေ အကုန်ရွှဲတော့တာဘဲ မိုးသဲနေတုန်းမို့ လမ်းဘေးမှာသာရပ်နေလိုက်တယ်
Chaeyoung အိမ်လာရင်း မိုးသဲထဲကြွက်စုတ်လေးတစ်ကောင်ကိုတွေ့တယ် ထီးလည်းမပါဘူးထင်ပါရဲ့ အကုန်ရွှဲနစ်နေပြီ LA ကပြန်ရောက်ရောက်ချင်း ဒီရပ်ကွက်ထဲ အိမ်ဝယ်ထားတယ်လို့ Omma ကပြောတော့ ဒီရပ်ကွက်ထဲမနေ့ကမှပြောင်းလာတာ တော်သေးတာပေါ့ Chae ရှိနေလို့ အင်း အခုဒီရပ်ကွက်ထဲကိုယ်ကလမ်းလည်းသိပ်မကျွမ်းတော့ ဟိုရှေ့ကကြွက်စုတ်လေးဆီသာ သွားလိုက်ရတယ်
Lisa - ဟိတ်
Jen -...
Lisa - ထီးမပါဘူးမလား မိုးသဲနေတယ်လေ လာ ကျွန်မထီးထဲဝင်လှည့်
သူ့ကိုဒီရပ်ကွက်ထဲမတွေ့ဖူးပါဘူး အသစ်များပြောင်းလာတာလား သူ့ထီးထဲဝင်ရင်းစကားစလိုက်တယ်
Jen - ဒီကတစ်ယောက်ကို ဒီရပ်ကွက်ထဲအရင်ကမတွေ့ဖူးဘူး အသစ်လား
Lisa - ဟုတ်တယ် မနေ့ကမှပြောင်းလာတာ
Jen - ဒါဆိုလမ်းတွေ သိမဲ့ပုံမပေါ်ဘူး ကျွန်မ ဒီရပ်ကွက်ထဲကလူတွေကိုအကုန်သိတယ် ဘယ်သူ့ဆီသွားချင်တာလဲပြောလေ ပြန်ကူညီတဲ့အနေနဲ့ ကျွန်မ လိုက်ပို့ပေးပါ့မယ်
Lisa - ကျေးဇူးပါဘဲ Chaeyoung ကိုသိလား
Jen - သိတာပေါ့ အဲ့ကျွန်မ Bff လေ ကျွန်မလည်း အခုသူ့ဆီသွားမလို့
![](https://img.wattpad.com/cover/245636441-288-k688504.jpg)
YOU ARE READING
Different But
RandomLisa - ခြားနားပါတယ်သို့ပေမဲ့ချစ်ခဲ့ကြတယ် ပြီးတော့ အခုဆိုဝေးခဲ့ကြပြီ ဒါပါဘဲ မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်က 💔 Jen - ခြားနားပါတယ်သို့ပေမဲ့ မိုက်မဲခဲ့ကြတယ် နောက်ဆုံးတော့ "မဖြစ်နိုင်တော့ဘူး" ဆိုတဲ့စကားလုံးတစ်လုံးနဲ့ ငါ့ကိုချန်ထားခဲ့တယ် ဒါပါဘဲ နင်နဲ့ငါ့ရဲ...