(Uni)
နှင်းဆီပွင့်ဖက်တွေဖြန့်ခင်းထားတဲ့မွေ့ယာပေါ်မှာနို့နစ်ရောင်ဂါဝန်ကိုလိုက်ဖက်စွာဝတ်ဆင်ထားပြီးအပူပင်ကင်းစွာအိပ်စက်နေပြီဖြစ်တဲ့ကောင်မလေးတစ်ယောက်
သူ့ဘေးမှာတော့ထိုင်းမိုင်းစွာထိုင်နေရင်းမျက်ရည်များစီးကျရူးကြောင်ကြောင်စကားလုံးတစ်ချို့ကိုပြောနေသောကောင်မလေးတစ်ယောက်
မျက်လွှာတို့ကိုချထားသည်မှာသူ့ကိုပင်လျစ်လျူရှုထားသလို ရဲတွတ်နေစဲဖြစ်တဲ့သူ့နှုတ်ခမ်းထွေးထွေးလေးကိုတစ်ချက်နမ်းလိုက်တော့ မျက်နှာထက်ဝယ်ပြုံးရိပ်ပင်သန်းသွားသလို
Jen - Chae နင်တွေ့လားသူငါ့ကိုပြုံးပြနေတယ်
Chae - Jen ရယ်နင်ကိုယ့်စိတ်ကိုယ်ထိန်းစမ်းပါ Lisa က သေသွားပြီဟ
Jen - ဟင့်အင်း သူမသေဘူး သူအိပ်စက်အနားယူနေတာ ငါ့ကိုချစ်ရတာသူသိပ်ပင်ပန်းနေပြီလေ Li နင်မသေဘူးမလား နင်မသေပါဘူးဟာ နင်ပင်ပန်းနေတယ်မလား
Chae - သေတဲ့လူကသေသွားပြီဟာ နင်အရှိကိုအရှိတိုင်းလက်ခံလိုက်စမ်းပါ
Jen - Li မသေရဘူး Li မသေရဘူးနော် Li Li!!!!!
~ Different But ~
ယောင်ရမ်းပြီးအော်နေသောJenကြောင့် စောင့်နေတဲ့လူတွေအားလုံးကမန်းကတန်းဖြစ်ကုန်သည်
မျက်လုံးအစုံဖွင့်လိုက်တော့ ကိုယ့်လက်ကိုကိုင်ထားတဲ့ Li ရယ်ဘေးနားမှာ ဆရာဝန်တွေရော ChaeရောUnnie ပါရှိတယ် ဒါဆိုငါအိပ်မက်မက်နေတာလား!
Lisa - Jen Jen သတိထားလေ Li ရှိတယ်နော်
Doctor - ကျွန်မတို့စမ်းသပ်ပြီးပါပြီ လူနာက Shockရသွားတာပါ အခုကစပြီးအားလုံးပုံမှန်ဖြစ်နေပါပြီစိုးရိမ်စရာမရှိတော့ပါဘူး ကျွန်မတို့ကိုခွင့်ပြုပါအုန်း
Lisa - ဟုတ်ကဲ့ Doctorကျေးဇူးပါဘဲ
ဆရာဝန်တွေလည်းထွက်သွားတော့ Chaeတို့Jisooတို့ပါ အလိုက်တသိထွက်သွားလိုက်တယ်
Jen - Li ! Li မသေဘူးနော်!
Lisa - ဘာလို့သေရမှာလဲ မသေပါဘူး
Jen - ဒါဆို Doctorကပြောတော့သေပြီဆို
Lisa - အဲ့ဒါ Li ကိုဝင်တိုက်တဲ့ကားကကောင်မလေးသေတာပါ Li ကရှောင်လိုက်လို့ သစ်ပင်နဲ့တိုက်မိသွားတာ ခေါင်းဘဲနဲနဲထိသွားတာပါ အခုကသက်သာနေပြီ!
YOU ARE READING
Different But
AléatoireLisa - ခြားနားပါတယ်သို့ပေမဲ့ချစ်ခဲ့ကြတယ် ပြီးတော့ အခုဆိုဝေးခဲ့ကြပြီ ဒါပါဘဲ မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်က 💔 Jen - ခြားနားပါတယ်သို့ပေမဲ့ မိုက်မဲခဲ့ကြတယ် နောက်ဆုံးတော့ "မဖြစ်နိုင်တော့ဘူး" ဆိုတဲ့စကားလုံးတစ်လုံးနဲ့ ငါ့ကိုချန်ထားခဲ့တယ် ဒါပါဘဲ နင်နဲ့ငါ့ရဲ...