( Uni )
Lisa - Omma နောက်ဆုံးတော့အေးအေးချမ်းချမ်းအနားယူနိုင်ပြီ ကောင်းရာသုဂတိလားပါစေ Omma
Jisoo - ကောင်းကင်ဘုံမှာအေးအေးချမ်းချမ်းနေသွားပါ Omma
Ommaအသုဘပြီးတော့ အိမ်ဘဲပြန်ခဲ့လိုက်တယ်အစ်မတို့နဲ့အတူပေါ့ အိမ်ပြန်ရောက်တော့
Lisa - အစ်မ လည်း Ommaဆုံးမှပြန်လာတော့တယ်နော်
Jisoo - အဲ့လိုမဟုတ်ပါဘူး ကလေးနဲ့ဆိုတော့ မအားတာနဲ့ မဆက်သွယ်ဖြစ်တာပါ
ကလေးချီထားရင်း Chae က
Chae - ငါစိတ်မကောင်းပါဘူးဟာ ဒါနဲ့နင်နဲ့Jenရောအဆင်ပြေကြရဲ့လား
နာမည်လေးကြားရုံနဲ့ ရင်တွေလည်းခုန်မိပါသေးတယ်
Lisa - သူနဲ့ငါကလွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းကနေပြတ်သွားပြီ
Chae - ဟမ် ဘယ်လိုဖြစ်ကြတာလဲ
Lisa - ငါဖြစ်ပြီးသားတွေပြန်မပြောချင်တော့ဘူး Chae
Chae - နင်ပြောမှဖြစ်မယ် နင့်စိတ်တွေမွန်းကြပ်နေတာငါသိတယ်
Lisa - ရော့ အဲ့ဓာတ်ပုံက သူ့ကိုငါလမ်းခွဲလိုက်ရတဲ့အကြောင်းရင်းထဲကတစ်ခုဘဲ
Chae - ဟင် Bam Bam!
Lisa - နင်အဲ့အကောင်ကိုသိနေတာလား Chaeyoung!
Chae - သိရုံတင်ဘယ်ကမလဲ ငါ့သူငယ်ချင်းကို Jenရယ်ငါရယ်Bam Bamရယ်က ငယ်ကတည်းကနေခင်တဲ့ငယ်သူငယ်ချင်းတွေ နောက်ပြီး Bam Bam မှာလည်းကောင်မလေးရှိပါတယ် !
Lisa - ဟုတ်လား!ငါဒါတွေကိုမသိခဲ့ဘူး
Chae - လွဲပြီ Lisa နင်တော့အကြီးကြီးကိုလွဲသွားပြီ
Lisa - ဟာ အဲ့တုန်းကငါတော်တော်အကြပ်ရိုက်ခဲ့တာ Omma ကလည်းအတင်းကြီးဆိုတော့ ငါဘာဆိုဘာမှမမြင်မိခဲ့တာပါ
Lisaတစ်ယောက်ပြောရင်းငိုနေတုန်းမှာဘဲ Joeရောက်လာပြီး
Joe - မမလေး Lisa ကျွန်တော့်ကိုခွင့်လွှတ်ပါ မေကြီးကိုမလွန်ဆန်နိုင်ခဲ့လို့ ကျွန်တော်မပြောပြခဲ့တာပါ ဒါတွေကအကုန် မေကြီးရဲ့လုပ်ဇာတ်တွေပါ Unnie Jen နဲ့မမလေးကို မကွဲကွဲအောင် လုပ်ခဲ့တာပါ
YOU ARE READING
Different But
De TodoLisa - ခြားနားပါတယ်သို့ပေမဲ့ချစ်ခဲ့ကြတယ် ပြီးတော့ အခုဆိုဝေးခဲ့ကြပြီ ဒါပါဘဲ မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်က 💔 Jen - ခြားနားပါတယ်သို့ပေမဲ့ မိုက်မဲခဲ့ကြတယ် နောက်ဆုံးတော့ "မဖြစ်နိုင်တော့ဘူး" ဆိုတဲ့စကားလုံးတစ်လုံးနဲ့ ငါ့ကိုချန်ထားခဲ့တယ် ဒါပါဘဲ နင်နဲ့ငါ့ရဲ...