(Uni)
Chaeရောအစ်မရောကိုယ်ပါ Koreaကိုအမြန်ဆုံးသာလာခဲ့လိုက်တယ် ဒီရောက်တော့ ညမိုးချုပ်နေပြီမို့ မနက်မှသွားဖို့သာဆုံးဖြတ်လိုက်တယ်Jenနင်ငါ့ကိုမမုန်းလိုက်နဲ့အုံးနော် ငါပြန်လာခဲ့မယ် နင်ရှိရာအရပ်ဆီကို ငါဘယ်လောက်လွမ်းနေခဲ့ရကြောင်း နင့်ကိုပြောပြမယ် ဖြစ်ခဲ့တာတွေအကုန်ငါနင့်ကိုရှင်းပြမယ် ပြီးတော့ သမီးလေးကိုလည်း ငါတွေ့ချင်နေပြီ Jen နင်နဲ့ငါ့ရဲ့ ရတနာလေးကိုလေ ငါတို့နှစ်ယောက်ချည်နှောင်ခဲ့တဲ့ကြိုးလေးတစ်ချောင်းကိုလေ နင်နဲ့ငါ့ရဲ့ သံယောဇဉ်မှတ်တိုင်လေးက သမီးလေးလေ သမီးလေးကဘယ်သူနဲ့တူတာလဲဟင် Jen တစ်နှစ်ကျော်နေပြီဆိုတော့ခန့်မှန်းလို့ရလောက်ပါပြီ ဘယ်သူနဲ့တူတူပါ ငါကတော့ချစ်မှာဘဲ နင်နဲ့တူရင်တော့ချစ်စရာလေးနေမှာ Jen သမီးလေးနဲ့အတူ ငါ့ကိုစောင့်နေတယ်မလား စိတ်ချငါအပြေးလေးလာခဲ့မယ် လွမ်းခဲ့ရသမျှအတိုးချပြီးနင့်ကိုချစ်မယ် သမီးလေးကိုလည်းချစ်မယ် Jen နင်စောင့်ကြိုနှင့်တော့နော် ❣️
အိပ်ယာထဲစိတ်ကူးတွေယဉ်ပြီးအိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်ရဲ့ အိပ်မက်ဟာ သိပ်ကိုလှပနေခဲ့တယ် သူ့ချစ်ရတဲ့ Jenနဲ့ သူချစ်ရတဲ့သမီးလေးနဲ့ပေါ့ ✨
~ Different But ~
တီးတောင် ~
Appaတို့Ommaတို့လည်းမရှိပါဘူး မနက်စောစောစီးစီးဘယ်ဧည့်သည်များပါလိမ့် တံခါးဖွင့်ကြည့်လိုက်တော့ ကိုယ်သိပ်လွမ်းနေခဲ့ရသူ ကိုယ်သိပ်ချစ်ရတဲ့သူ ကိုယ့်အချစ်ဦး တစ်နည်းအားဖြင့်ဆိုရမယ်ဆိုရင်လည်း ကိုယ့်ကို ရက်ရက်စက်စက် ထားသွားခဲ့တဲ့သူပေါ့ တစ်ချက်လေးမှလှည့်မကြည့်ခဲ့တဲ့သူ အေးစက်စက်စကားတစ်ခွန်းနဲ့ကိုယ့်ကိုထားရစ်ခဲ့တဲ့သူ 💔
တံခါးလာဖွင့်ပေးတဲ့လူကတော့ သိပ်ချစ်ရပါတယ်ဆိုတဲ့ချစ်ဦးသူလေး အရမ်းလွမ်းနေခဲ့ရတာ အချစ်ဦးလေးကို ❤️
Lisa - Jen ငါနင့်ကိုအရမ်းလွမ်းနေခဲ့တာ
ပွေ့ဖက်လိုက်ပေမဲ့ရုန်းထွက်သွားသောသူ မျက်ဝန်းထဲမီးဟုန်းဟုန်းတောက်ကာ ဝမ်းနည်းရိပ်အချို့လည်း ရှိနေသေးတယ်

YOU ARE READING
Different But
RandomLisa - ခြားနားပါတယ်သို့ပေမဲ့ချစ်ခဲ့ကြတယ် ပြီးတော့ အခုဆိုဝေးခဲ့ကြပြီ ဒါပါဘဲ မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်က 💔 Jen - ခြားနားပါတယ်သို့ပေမဲ့ မိုက်မဲခဲ့ကြတယ် နောက်ဆုံးတော့ "မဖြစ်နိုင်တော့ဘူး" ဆိုတဲ့စကားလုံးတစ်လုံးနဲ့ ငါ့ကိုချန်ထားခဲ့တယ် ဒါပါဘဲ နင်နဲ့ငါ့ရဲ...