Whiskeyရဲ့ပြင်းရှမှု့နဲ့အတူ အနီရောင်မီးရောင်များအောက်မှာ သူရှိနေခဲ့သည်။ အရှိန်ကောင်းနေသော သူ့အနား ဆံပင်ခွေအလိပ်တွေနဲ့ Mini Skirt ဝတ်ထားတဲ့ ကောင်မလေး တစ်ယောက် အရက်ထပ်ငဲ့ပေးလာသည်။ စောင်းငဲ့ကာ ပြုံးပြခြင်းမှာ တောင်းဆိုမှု့တွေအပြည့် ဒီအသက်အရွယ်အရ အထိတွေ့၊ သာယာမှု့တွေက မဆန်းတော့ပေ။ မလုံ့တလုံ ဖြစ်နေသော ရင်ဘတ်ကြား Baht 200ကိုထည့်ပေးလိုက်တော့ သူ့လက်ပေါ်ကို ထိကပ်လာတဲ့နှုတ်ခမ်း။ ကျေးဇူးတင်ဖို့ မလိုကြောင်း ပြုံးပြလိုက်သည်။ သူတို့ကဒီလောက်ပဲ ဖော်ရွေနူးညံ့တတ်သလား။
သူရောက်နေတာ Gay Barတစ်ခုဖြစ်သည်။ မိန်းကလေးထက်ပင် လှကြတာမို့ ဒီနေရာမှာလာထိုင်တာ ဒီနေ့နဲ့ဆို ၂ရက်မြောက်ရှိသွားလေပြီ။ ဒုတိယမြောက် Whiskeyထဲက ရေခဲတုံးလေးနှစ်တုံးက တစ်ခုနဲ့တစ်ခုပွတ်တိုက်လျက်..ပျော်ကျနေသော ရေတွေကြောင့် Whiskeyအရသာ ပေါ့သွားခဲ့သည်။
Missouriတစ်လိပ်ကိုထုပ်ကာ ကျားခေါင်းပုံမီးခြစ်ဖြင့် ခြစ်ရင်းရှိုက်ဖွာလိုက်တော့..ဟက်..ဒီလိုမကောင်းတာကလည်း လိုက်ဖက် စေတာပဲလားလို့ အတွေးဝင်လာသည်
ဆေးလိပ်ငွေ့တွေကြား အတိတ်ပုံရိပ်က၊ ခေါင်းထဲ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။
----------------------------
သူဆိုတာ ကျော်ဇေယျာဆိုတဲ့၊ အညတရကောင်လေးတစ်ယောက်ပါ။မေလရဲ့ အစဦးပိုင်းဟာ၊ နွေဦးရွက်ကြွေ ဆိုသလို၊ရွက်သစ်ကြွေ၊ ရွက်နုဝေ၊ ကာလများဖြစ်သည်။ ရပ်ကွက်ထိပ်က ဆေးခန်းလေးကို၊ ချောင်းပေါက်အောင် ရောက်နေရတဲ့၊ အကြောင်းပြချက်က သူနာပြုမလေး၊ ကလျာဝေ ကြောင့်ပင်ဖြစ်သည်။
လန်းဆန်းတက်ကြွနေတဲ့၊ GTCကျောင်းသားလေးဟာ၊ အနာမရှိလဲ ဆေးခန်းလာပြနေတာမို့၊
ဆေးခန်းထိုင်တဲ့ တာဝန်ကျဆရာဝန်များ၊ မှတ်မိနေကြသည်မှာ မဆန်းတော့ပေ။ကလျာဝေဆိုတာ၊ နက်မှောင်နေတဲ့ ဆံကေသာကို ခတ်လျောလျော၊ ထုံးဖွဲ့ထားတတ်သည်။ နုညှက်တဲ့အသားအရေမှာ၊ ဝါဖျော့ဖျော့သနပ်ခါးကို၊ လိမ်းကျံထားတတ်သည်။ ပြုံးလိုက်လျှင် ယဉ်စစနှင့်၊ အနေအေးသောသူလေးဖြစ်သည်။
ဆေးခန်းလာပြရင် မထိခလုပ်၊ ထိုးလိုက်တဲ့ မျက်စောင်းကြောင့်၊ ကျော်ဇေယျာ အသက်ရှုမှားရသည်။ စမ်းသပ်ရန် ဆရာဝန်သုံး နားကျပ်ကို၊ရင်ဘတ်နား ကပ်လာရင်၊ သွေးတွေဟာပြောင်းပြန် ဖြစ်သွားရသလိုပင်။ ဖုံးဖုံးဖိဖိနေသော်လည်း နှလုံးသားက၊ တဒိန်းဒိန်း ခုန်နေခဲ့သည်။
စက္ကန့်နှင့်အမျှ လိုက်ကြည့်နေသော၊ ကျော်ဇေယျာကြောင့် ၂ပတ်အကြာ၊ စတင်၍ ကလျာဝေမှ၊ သတိထားမိလာလေသည်။
သူ့မျက်နှာကို မော့မကြည့်ပဲ၊ စားပွဲပေါ်က ပန်းအိုးကိုကြည့်ကာ..
YOU ARE READING
Raye