ယနေ့သည် ရက်၂၀ပြည့်တဲ့နေ့မို့၊ မိမိနေရာပြန်ဖို့ အထုတ်ပြင်ကြရချိန်၊ အခန်းထဲမှာရှိမနေသော Rayeကြောင့်၊ စိတ်ညစ်ရသည်။
တွေ့ရတဲ့ တစ်ခဏတာ ၁၅ရက်ကို၊ စကားမပြောဘဲ ဖြတ်သန်းခဲ့ရသည်။ ချစ်တယ်လို့ ညဘက်ခိုးပြောခဲ့တာကို၊ မကြားနိုင်ခဲ့တာမျိုးလား။
<Raye>
ကိုယ်တောင်းပန်ပါတယ်..မင်းမကြိုက်ရင်လဲ
ကိုယ်မနှောက်ယှက်တော့ပါဘူးအကူအညီလိုရင်ပြောပါ
ကိုယ့်လိပ်စာပါRaye(****)N*** Yangon.
----------------------------
ကိုမျိုးအောင်အကူအညီဖြင့်၊ မကလျာဝေနဲ့ ကိုကျော်ဇေယျာအကြောင်း သိခဲ့သည်။ အစကတည်းက ရှင်းပြခဲ့ရင်၊ သူ..ဒီလို ရှောင်နေခဲ့မှာ
မဟုတ်၊ ယခုတော့အကုန် ရှုပ်ကုန်လေပြီ။စကားပြောဖို့ ဝင်လာလိုက်တော့၊ အခန်းဟာ
လူတစ်ယောက် ဟာသွားခြင်းဖြင့်၊ ဆီးကြိုလိုက်သည်။ ကုတင်ပေါ် စိတ်ပျက်လက်ပျက် ထိုင်ချရင်း.."ခင်ဗျား.ဟာလေ..ဟူး.တော်တော်.လက်လျော့တတ်တဲ့သူပဲ"
ခါးအောက်မှာ စာရွက်အကြေလေး၊ ထွက်လာသည်။ လိပ်စာပါရေးခဲ့တာမို့၊ ညစ်ထားဦးမည်ဟု တေးထားလိုက်သည်။
----------------------------
အိမ်အောက်ထပ်က၊ ဘယ်လမ်းသရဲက ဆွဲနေသည်မသိ၊ သတင်းစာခြင်းရဲ့ ခေါင်းလောင်းကြိုးမှာ၊လှုပ်ရမ်းလျက်၊ ဆူညံစွာ၊ ထွက်ပေါ်လာခဲ့သည်။ ဆွဲတင်တော့ အဝါရောင်စာရွက်တစ်ရွက်..
<Raye>မဟုတ်ဖူးဗျ
ခင်ဗျား ချစ်သူက နာမည်လှလှလေး။
<ယံပိုင်>
သိလား ယရေးသေးသေးတင် ယံ၊ ပလုံးကြီးတင် တချောင်းငင် ငသတ် ပိုင်..ဟွန်း..!!ချစ်စရာစာတမ်းလေးဟာ၊ ယံမှဟုတ်ရဲ့လား။
နာမည်လေးက လှလိုက်တာ အောက်ထပ်ကို၂ထစ်ကျော်ပြီး၊ ပြေးဆင်းလိုက်တော့..အလယ်မှာ တက်လာနေတဲ့၊ အဝါအင်္ကျီလေးနဲ့၊ ကောင်ကလေးကိုတွေ့လိုက်ရသည်။ပြေးလျက်သူ့ဘက်ကပင်၊ နူးညံ့စွာ၊ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။
"ချစ်တယ်..မင်းကိုသိပ်ကို..ချစ်တာ..ယံ"
အသံထွက်မလာပဲ တစ်ဦးရဲ့၊ ကိုယ်သင်းနံကြား တစ်ဦး ပျောက်ဆုံးရသည်။
YOU ARE READING
Raye