Barမှာ ထိုင်နေရင်း အချိန်တွေက၊ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ဆေးလိပ် တစ်ဗူးကလဲ၊ကုန်သွားလေပြီ၊ အမူးပြေအဖြစ် ချဉ်တာတစ်ခုခု သောက်ရန်မှာလိုက်သည်။ ရေခဲတုံးတွေက ခွက်ထဲမှာ ရေအတိဖြစ်အောင်၊ ပျော်သွားလေပြီ။ ရေစက်ရေပေါက် သီးနေသော၊ ဖန်ခွက်ကို ကိုင်ထားတာကြာပြီမို့၊ ညာဘက် လက်ဖဝါးက၊ ထုံကျဉ်လာရသည်။ လွှတ်ချလိုက်တော့ သွေးကြောတွေ၊ ပြန်လည်စီးဆင်းလာတဲ့ လက်ဖဝါးကို ဆတ်ခနဲ..ခါထုတ်လိုက်သည်။ သိပ်မကြာခင် Bartender ဆီမှ Strawberry အသီးနဲ့၊ Mocktailတစ်ခွက် ရလာသည်။ အညှာမပါသော Strawberryသီးဟာ၊ တစ်ခုခုလိုနေသလို...
-----------------------------
သမီးလေးရင်ထဲမှာ ဖခင်ကောင်း၊ မပီသသူလို နှလုံးသွင်းနေသည်။ မိခင်ဘက်မလိုက်ရင်၊ သမီးဟု မခေါ်ထိုက်ဖူးမလား။ကျွန်တော့်ဘဝအတွက် ပေတေနေခဲ့သမျှကို၊တန်ဖိုးရှိတာများဖြင့် ကုန်ဆုံးစေလိုက်သည်။
Senior Mechanical Engineer Roleဝင်ရန်၊ ၁နှစ်ခန့်ကြိုးစားခဲ့ရသည်။ Companyပေါင်း ၃၀ကပယ်ချခံရပြီး၊ နောက်ဆုံးတစ်ခုက လက်ခံခဲ့တာမို့၊ အလုပ်ရခဲ့လေသည်။ ခတ်ခဲခဲ့သော်လည်း တစ်လတစ်ခါ၊သမီးလေးကို ဝယ်ပေးချင်တာတွေက၊ ရှိတာကြောင့် အလုပ်ကြိုးစားရမည်ပင်။ယခုတော့ ကျွန်တော်ချစ်တာ မိန်းကလေး တစ်ယောက်သာ ရှိတော့သည်။
သိပ်မကြာလိုက် မင်္ဂလာလား၊ အမင်္ဂလာလား မသိသော၊ သတင်းကိုကြားရသည်။ ဝေ့ရဲ့ ချစ်သူဆုံးပြီတဲ့၊ သူ့ခမျာကြိတ်၍ ပူဆွေးနေရမှာကို၊ တွေးပြီးစိတ်ပူနေမိသေးသည်။
နာရေးကိစ္စများကို၊ အလိုက်အထိုက် ကူညီပေးခဲ့သည်။ ညရောက်သည်အထိ အပူမကင်းသော၊ မျက်နှာနှင့် ဝေ့..အား Strawberry Milkshake၊ ကမ်းပေးလိုက်သည်။
Strawberryထဲမှာ၊ ချိုမြိန်မှု့တော့ မပါနိုင်ခဲ့ပါ။ အေးစက်နေပြီဖြစ်သော၊ လက်တစ်ချောင်းကို အတန်ကြာမှီထားပြီးမှ၊ မျက်လုံးကို တည့်တည့်ကြည့်ကာ ငိုရှာသည်။
"ကိုယ်သိတယ်ဝေ..ခွင့်လွှတ်ပါတယ်၊ မင်းအဆင်ပြေသလိုနေခဲ့ပါ၊ သမီးအပေါ်တော့..တာဝန်ကျေပေးပါကွာ.."
ဒူးထောက်ခစားခြင်းဟာ၊ ဝေ့ရှေ့မှာ လုပ်နေကျ
ဆိုသော်လည်း၊ ကျွန်တော်က ဒီတစ်ခါတော့၊ လဲကျမသွားခဲ့။ အသက်ကို ခတ်ပြင်းပြင်း ရှိုက်ရင်း..
YOU ARE READING
Raye