Raye <3>

295 32 0
                                    

Rayeကို အမြဲလွမ်းနေခဲ့ရတယ် အအိပ်ပျက်၊ အစားပျက်ရသလို၊ ကျွန်တော့်ရဲ့ နေ့စဉ်ဘဝကိုပါ၊ စိတ်မချမ်းမြှေ့စေတဲ့Raye။

Januaryလအစပိုင်းမှာ၊ ကပ်ရောဂါဖြစ်တဲ့အခြေအနေကြောင့်၊ မြန်မာနိုင်ငံသားများကို၊ ပြန်လည် ခေါ်ယူခြင်း ခံရသည်။ Rayeရော အဆင်ပြေပါ့မလား၊ တွေးမိသော်လည်း၊ မိမိကို မချစ်သူအတွက် ဥပေက္ခာကို၊  နာကျင်စွာ ပြုလိုက်ရပေသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်၊ Arrival Zoneရှေ့Taxiဌားရန်ပြင်လိုက်စဉ်၊ လမ်းဖြတ်ကူးသွားသော ကောင်လေးကြောင့်၊ Rayeကိုလွမ်းသွားရသည်။

ဂျင်းဘောင်းဘီအပြာနုနဲ့၊ Hoodie အဖြူလေးကို
ဝတ်ထားတဲ့ ကောင်လေးဟာ၊ ဆံပင်တွေကမဲနက်ပြီး ပျော့အိအိလေးမို့၊ Rayeကဆံပင် ခဲရောင်နဲ့မလား။ မျက်စိကွယ်ရာ ရောက်သည်အထိ၊ ကြည့်ပြီးမှသာ၊ ကားပေါ်တက်ခဲ့လိုက်သည်။

ရက်၂၀ quarantineဝင်ရမည်မို့၊ သမီးကိုလွမ်းသော်လည်း၊ လူကြုံသာ ပါးလိုက်ရသည်။ သမီးကြိုက်တတ်တာတွေနဲ့၊ ပြည့်နေခဲ့တဲ့ လွယ်အိတ်ဟာ၊အခုတော့ တစ်ဝက်မက၊ ချောင်ချိသွားလေသည်။ စာအုပ်တစ်ချို့ ပြောင်းထည့်လိုက်ရင်း၊ ထွက်ကျလာသော ပုံတစ်ပုံကြောင့်။

Rayeရဲ့ဓာတ်ပုံကို၊ စတွေးကတည်းက printထုတ်၊သိမ်းထားခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံနောက်က၊ချစ်တယ်Raye...ဆိုတာကိုတော့ ပိုင်ရှင်ကသိနိုင်မည်မထင်။

--------------------------

၂ရက်လောက်ကြာသော်~

Quarantine Centreတွင်၊ လူများလာတာကြောင့် တစ်ယောက်ကနေ၊ နှစ်ယောက်တစ်ခန်း၊ ပေါင်းနေကြရသည်။ ညနေစစ်ဆေးပြီး ပြောင်းလာမယ့်၊ကလေးတစ်ယောက်ကြောင့်..လူရှုပ်ရင်မနေတတ်တဲ့သူမို့၊ စကားတွေမရှုပ်ချင်။

သစ်သားတံခါးကို တွန်းဖွင့်ကာ၊ ဝင်လာသော လူတစ်ယောက်။ အထူးအဆန်း တရေးတယူ၊
လှည့်ကြည့်မနေတော့ပါ။ နံရံကိုပဲမျက်နှာမူကာ၊ ဖုန်းသုံးနေလိုက်သည်။ တော်တော်ကြာ ဆူညံပြီးမှ တစ်ဖက်လူက..

"ဟို..ဒီကအကို..ဒီဌက်ပျောသီးက..ကျွန်တော့် အတွက်လား..မသိဘူး"

RayeWhere stories live. Discover now