#Zawgyi
My Wolf Hyung💖✨
Part.9JM- ဆရာ..ဆရာ သူအဆင်ပြေရဲ့လား..
Doctor- ခဏနေကျရင် သတိပြန်ရလာမှာပါ..
JM- တော်သေးတာပေါ့.. ဒါနဲ့သူ ဘာရောဂါများရှိလို့လဲ ဆရာ..
Doctor- သူက အပူရှိန်ကို မခံနိုင်ဘူးထင်တယ်..သူဘယ်ဒေသကလဲ..
JM- Hallasan အအေးပိုင်းဒေသကပါ...
Doctor- အဲ့ဘက်က အရမ်းအေးတာ..တောင်တွေလဲ အရမ်းများတယ် သူ့ ရဲ့ဇာတိကလဲ Hallasan ပဲလား..
JM- ဟု..ဟုတ်.. သူက Seoul ကိုတက်လာတာမကြာသေးပါပူး..
Doctor- Seoul မှာက ဒီလအတွင်း ရာသီဥတုက ပိုမှန်မဟုတ်ပူးလို့ ဆရာသတင်းကြားထားတယ်.. ဒီဆောင်းမှာ အပူလှိုင်းဖြတ်ချင်ဖြတ်နိုင်တယ် အအေးလှိုင်းဖြတ်ချင်ဖြတ်နိုင်တယ်.. အရေးကြီးတာက ဒီလူနာကို နေပူရှိန်နဲ့ အလင်းအားများတဲ့ နေရာတွေကို သိပ်မသွားခိုင်းပါနဲ့..
JM- ဟုတ်ကဲ့ ဆရာ..
Doctor- အင်းအင်း ခွင့်ပြုပါအုံး..ဆေးသောက်ခိုင်းလိုက်ဦးနော်..
JM- ဟုတ်..
ဆရာဝန်ကြီးလဲ ထွက်သွားပြီးနောက်..
HW- ဦး Jimin ဘာလို့ငိုနေတာလဲဟင်..
JM- မငိုပါပူး တူလေးရဲ့..
HW- ဦး Jimin ငိုနေတာ သားသိတယ်.. မငိုနဲ့တော့
JM- အင်းအင်း မငိုတော့ပါပူးဗျာ😊
HW- ဒါမှပေါ့..
JM- ဦးတို့ကြောင့် Hyun Won လေးကျောင်းပျက်ရပြီ..
HW- ရပါတယ် ဦး Jimin ရဲ့..စာတွေက ပြန်ကူးလို့ရတယ်.. ဦး Yoongi ကအရေးကြီးတယ်..
JM- သားက ဦး Yoongi ကို ဘယ်လောက်တောင်ချစ်တာလဲ..
HW- အများကြီးချစ်တာ.. ဦးဦး Yoongi သာ သားရဲ့ဖေဖေဖြစ်ခဲ့ရင်ကောင်းမှာပဲ..
JM- သားရဲ့  ဖေဖေ Namjoon ကိုရောမချစ်တော့ပူးလား..
HW- မချစ်ပူး...
JM- ဘာလို့လဲကွယ့်..
HW- သားရဲ့ဖေဖေက သူ့အလုပ်ကြီးပဲ လုပ်နေတယ် အိမ်ပြန်တာလဲ အချိန်မမှန်ပူး... မေမေရောပဲ သားနဲ့ဆော့မယ်ဆိုရင်...အိမ်အလုပ်နဲ့မအားပူးဆိုတာကြီးပဲ.. ဦး Yoongi ပဲသားနဲ့တူတူနေပေးတာ..