pinky boy 🍑🍑🍑(4)

304 41 6
                                    

Chan yeolတစ်ယောက် အိပ်မောကျနေတဲ့ ခလေးငယ်လေးရဲ့ မျက်နှာနုနုလေးကို လက်ညိုးထိပ်လေးနဲ့ အသာတို့ထိနေမိတယ်...

"Baby က kai do နဲ့ သိပ်တောင်မတူဘူးနော်..

Ronရဲ့ မျက်လုံးတွေနဲ့ ချွတ်စွပ်တူတယ်...
ဘယ်သူကများ အဖေတူသားလို့မပြောမှာစိုးလို့လဲမသိဘူး......"

ဖောင်းအိနေတဲ့ပါးရဲရဲလေးကို အသည်းယားစွာနဲ့ ငုံ့နမ်းမိတော့....သူ့ရဲ့ အကျီစကို ယောင်ပြီး လှမ်းဆွဲလာတော့သည်။

ဘေးတစောင်းအနေအထားနဲ့ ခလေးငယ်လေးရဲ့ဘေးနားမှာဝင်လှဲအိပ်လိုက်ပြီး...

Chan yeolရဲ့ လက်တွေက အနှီးလူသားလေးရဲ့ကိုယ်လေးကို တင်းကြပ်စွာ နဲ့သိုင်းဖက်ထားမိ၏....

သူ့ရင်ငွေ့ကိုရသည်ထင်ပါ့ ထိုလူသားလေးရဲ့ ခေါင်းလေးက yeolရဲ့ရင်ခွင်ထဲသို့ အတင်းတိုးဝှေ့လာတော့သည်။

နွေးထွေးလွန်းတဲ့ ကိုယ်ငယ်လေးထဲမှာ သူတစ်ယောက်ပဲ ခံစားသိနိုင်တဲ့ စွမ်းအင်လေးတစ်ခုရှိ၏...

ဘယ်လောက်ပဲ တစ်နေ့လုံးပင်ပန်းနေပါစေ ခလေးငယ်လေးရဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့

သူ့မှာ ပင်ပန်းမှု့ဆိုတာ မရှိခဲ့သလိုပါပဲ..

အများတကာထင်မြင်ယူဆချက်တွေကို လက်မခံပဲ အားလုံးကိုဆန့်ကျင်ပြီး

Babyကို မွေးစားကာ ခလေးအဖေဆိုသည့်ဂုဏ်ကိုသူကျေကျေနပ်နပ်ကြီး ခံယူခဲ့သည်။

Babyကို မွေးစားတုန်းက သူ့အသက်၂၀ပင်ရှိသေး၏....

ထိုအချိန်က ဖခင်ဖြစ်သူရဲ့ တွန်းအားပေးမှု့ကြောင့် vegas မှာ diploma တက်ဖို့သွား
သည့်အချိန်ကာလဖြစ်သည်။

ကံအကြောင်းကြောင့် မမျှော်လင့်ပဲ Kaido ဆိုသည့်ဂျပန် သွေးနှောကပြားလူတစ်ယောက်နဲ့

သိကျွမ်းခွင့်ရခဲ့၏....

ရင်းနှီးပွင့်လင်းတဲ့ kaidoဟာVegasမှာနေစဥ်ကာလတစ်ခုလုံး chan yeolအယုံကြည်ရဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်....

သူဟာ gayတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်း သူ့ရဲ့ကောင်လေးဟာ male prostitute ဆိုတဲ့အကြောင်းကို မရှက်တမ်းဝန်ခံလာခဲ့တယ်.....

pinky boy (chanbaek)Where stories live. Discover now