ယခင်အပိုင်းမှအဆက်
"ဆရာ....."
"ရှူးတိုးတိုး......သားအိပ်နေတယ်...ဧည့်ခန်းမှာစောင့်နေကြ ငါလာခဲ့မယ်...."
ကားပေါ်ကဆင်း ဆင်းချင်း သားငယ်ကိုပွေ့ချီလာတဲ့ chan yeol ရဲ့အနားကို အပြေးတစ်ပိုင်းနဲ့ရောက်ချလာသောငယ်သား
ကြောင့်.......သူအသံကိုခပ်အုပ်အုပ်ပြောလိုက်ပြီး ခလေးငယ်လေးကို ပွေ့လျက်အနေအထားနဲ့ အပေါ်ထပ်အခန်းရှိရာသို့တက်လာလိုက်တယ်....
အခန်းတံခါးကို လက်တစ်ဖက်နဲ့ အသာဖွင့်ရင်း အခန်းထဲကို ဝင်လာလိုက်တော့ ဟိုတစ်စဒီတစ်စပြန့်ကျဲနေတဲ့ စာရွက်ဖြူတစ်ချို့
သူ့နာမည်တွေကို ထပ်ခါထပ်ခါရေးထား
သည့်ဟန်...သားငယ်က ဒီရက်တွေထဲမှာ သူမရှိပဲ နေသားကျဖို့ အတော်လေးကြိုးစားခဲ့သည်နဲ့တူပါသည်။
Chan yeol ထိုအရာတွေကိုတစ်ချက်ကြည့်ရင်း ကုတင်ရှိရာကို လျှောက်လာလိုက်၏
ရင်ခွင်ထဲက ခလေးငယ်လေးကို မွေ့ယာပေါ်အသာချပေးလိုက်တော့...ကိုယ်လေးက လူးလွန့်ရင်း သူ့ရဲ့ကော်လံစကိုလက်သေးသေးလေးနဲ့ဆုပ်ကိုင်ထားပြန်တယ်...
"ဟင့်....pa pa.....မသွားပါနဲ့ "
မျက်နှာလေးက ပြိုတော့မည့်မိုးအတိုင်းပင်
ယောင်ပြီး ဆုပ်ကိုင်ထားတဲ့ လက်လေးကိုလည်း သူ့မှာ မဖြုတ်ရက်တာမို့ခလေးငယ်လေးရဲ့ အနားမှာ ဘေးတစောင်းလေး ဝင်လှဲလိုက်ပြီး...မျက်စိရှေ့က အသည်းစိုင်လေးကို မျက်တောင်မခတ်ပဲ အသာကြည့်နေမိသည်။
မလှမ်းမကမ်းမှာလည်း သူ့ရဲ့ အပေါ်ဝတ်တစ်ထည်က ကုတင်ပေါ်မှာ လွှားတင်လို့..
သူမရှိတဲ့အချိန်တွေမှာ အလွမ်းပြေအနေနဲ့
ခလေးငယ်လေးက သူ့အဝတ်တွေကို ဖက်အိပ်သည်တဲ့လေ....ဒီအရုပ်ခလေးကို ချစ်ရလွန်းလို့ သူဘယ်လိုလုပ်ရပါ့.........
ဝေ့ကျနေတဲ့ ဆံစလေးတွေကို အသာသပ်တင်ပေးလိုက်တော့...အင့်ခနဲ တစ်ချက်အသံပေးရင်း ကျနော့်ရဲ့ရင်ခွင်ထဲကို တိုးဝင်လာပြန်သည်။
YOU ARE READING
pinky boy (chanbaek)
Teen Fictionchanbaek (yaoi) special day for 614..... sweet /romance/ lovely A boy who always cute in his eye like as Little Strawberry