"အဒေါ်ကြီး...byunလေး အိပ်ချင်တယ်"
ငိုက်မြည်းနေတဲ့ မျက်လုံးဖောင်းဖောင်းလေးတစ်စုံကို လက်သေးသေးလေးတွေနဲ့ ပွတ်သပ်ကာ ပြောလာတဲ့ ခလေးငယ်လေး
ကြောင့်.....အဒေါ်ကြီးလည်း ခုံကနေ အသာထလိုက်ပြီး
ခလေးငယ်လေးရဲ့ လက်ကို တွဲကာ အပေါ်ထပ်ကအခန်းရှိရာကို တက်လာ
လိုက်သည်။တစ်နေ့လုံး အာရုံလွှဲကာ ဆော့ခိုင်းခဲ့သည်မို့...
ထိုကလေးက စောစောစီးစီး အိပ်ချင်နေသည့်ပုံပင်....
"Byunလေး arjimaချော့သိပ်ပေးရမလား"
"ဟင့်အင့်.......papaချော့သိပ်တာပဲကြိုက်တာ......"
ဂွမ်းစောင် ကိုရင်ဘက်အပေါ်ပိုင်းအထိ ဆွဲခြုံပေးလိုက်တော့....
သူဠေးလေးရဲ့ ဓတ်ပုံကို လှမ်းယူကာ ဖက်အိပ်လာတဲ့ ခလေးပေါက်စ...
သူ့အဖေကိုချစ်တတ်လိုက်တာလွန်ပါရောလား
"Arjima "
"ရှင်..... "
"Papaကဘယ်တော့မှပြန်လာမှာလဲဟင်"
"သိပ်မကြာခင်ပြန်လာမှာပေါ့ byunလေးရယ်"
"ဟင့်.... paက byunကိုပစ်ထားတယ်...ဖုန်းလဲမဆက်ဘူး...."
မျက်ရည်လေးဝဲတဲတဲနဲ့ ပြောနေတဲ့ခလေးငယ်လေးကြောင့် အဒေါ်ကြီးခမျာ သက်ပြင်းသာချနေမိတယ်....
ဒီခလေးကြီးလာလို့ သူတွယ်တာနေတဲ့လူက သူ့အဖေအရင်းမဟုတ်မှန်းသိသွားရင် ခံနိုင်ရည်ရှိပါ့မလား....
"Papaကမအားလို့နေမှာပါ...papaမအားရင် byunလေးကဆက်လိုက်ပေါ့...ဟုတ်တယ်မလား....."
"အွန်း...အဲ့တာဆို byunလေး papaဆီကိုဖုန်းခေါ်လိုက်မယ်နော်...arjima"
"ကောင်းပါပြီ ရှင့် သခင်လေးသဘောပါနော်"
စားပွဲပေါ်ကမှာရှိတဲ့ဖုန်းလေးကို လှမ်းယူကာ
အိပ်ယာပေါ်မှာ မှောက်လျက်သားလေး လှဲလာတဲ့ခလေးငယ်လေး....."Paဆီကိုဖုန်းဆက်လိုက်ဦးနော် arjima ကအောက်မှာ နွားနို့ပူပူလေး သွားယူပေးမယ်..
ဟုတ်ပြီလား...."
"Nae...."
Pokimonညဝတ်အကျီလေးနဲ့ အိပ်ယာပေါ်မှာ တုံးလုံးလေး လှဲနေသည့်ထိုလူသားလေက chan yeol ရဲ့ ဘဝတစ်ခုလို့ပြောမယ်ဆိုရင် မှားနိုင်စရာကိုမရှိတာမို့.......
YOU ARE READING
pinky boy (chanbaek)
Novela Juvenilchanbaek (yaoi) special day for 614..... sweet /romance/ lovely A boy who always cute in his eye like as Little Strawberry