" pa "
"ဟင့်.....baby လိုက်လို့မရဘူးလားဟင်"
အိမ်ထဲကနေအထွက် ကားပေါ်တက်ခါနီး coatအကျီးစကို လက်သေးသေးနဲ့အသာဆွဲဆုပ်ရင်း ဂျီကျနေသည့် သားငယ်ကြောင့်
Chan yeol လက်ထဲက အိတ်ကို ကားပေါ် တင်လိုက်ပြီး သူ့ရဲ့ ခလေးငယ်ကို ပွေ့ချီကာ
နှဖူးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
"Pa paသိပ်မကြာပါဘူး ပြန်လာမှာပေါ့...ဒီတစ်ခါသွားမယ့်နေရာက ဆော့စရာတွေမရှိဘူးလေ အဲ့တာကြောင့် babyကိုမခေါ်တာပါ"
"ဟင့်...pa ညာပြောနေတာ....အီးဟီးးး..babyကို မခေါ်ချင်လို့မလား... "
ဝမ်းနည်းတကြီး နဲ့ ငိုချလာသည့်ခလေးငယ်လေးကြောင့် chan yeol ရင်ထဲမကောင်း
သို့ပေမယ့် ဒီတစ်ခါသွားမယ့်နေရာက ခလေးကို ခေါ်သွားရလောက်တဲ့အထိ လုံခြုံတဲ့နေရာမဟုတ်တာမို့....
"ငိုတာမကြိုက်ဘူးလို့ paပြောထားတယ်မလား....byun..အဒေါ်ကြီးလည်းရှိတာပဲ...papaက ၃ ၄ ရက်နေရင်ပြန်လာမှာ...
အဲ့အခါကျရင် မုန့်တွေဝယ်လာမယ်လေ..နော်....baby ကလိမ္မာတယ်မလား"
Chan yeol လေသံခပ်အေးအေးနဲ့ပြောလိုက်တော့ ခေါင်းလေးတစ်ချက်ထောင်ကြည့်ကာ
မျက်ရည်တွေကို ကမန်းကတန်းနဲ့ ဆွဲသုတ်လာတဲ့ အကောင်ပေါက်လေး တော်ပါသေးရဲ့ အနည်းဆုံးတော့ သူ့စကားကိုနားထောင်သေးသည်။
"Pa pa "
"ဗျာ...."
"မြန်မြန်ပြန်လာနော်.... babyကအများကြီး လွမ်းနေမှာ...."
"အင်းပါ ခလေးရယ်...paလည်း ခလေးကို အများကြီး လွမ်းနေမှာပါ....."
ခပ်တိုးတိုးလေး ပြောလာသော ခလေးငယ်လေးက မဆိုင်းမတွနဲ့ သူ့ရဲ့ပါးပြင်ကို လှမ်းနမ်းလာပြန်၏...
တကယ်ပါပဲ ထိုခလေးကြောင့် သူ့မှာ oversea သွားဖို့စိတ်ပင်မပါတော့ပေ။
Chan yeolတစ်ယောက် သားငယ်ရဲ့ပါးပြင်အနှံ့ကို ခပ်ဖွဖွနမ်းရင်း အနားမှာ ရပ်စောင့်နေတဲ့ အိမ်ထိန်းအဒေါ်ကြီးကို သားငယ်အား လွဲချီစေလိုက်သည်။
YOU ARE READING
pinky boy (chanbaek)
Novela Juvenilchanbaek (yaoi) special day for 614..... sweet /romance/ lovely A boy who always cute in his eye like as Little Strawberry