Part 2 Unicode

151 9 0
                                    

You နှင့် I ဆိုပြီး ပြောသွားသည့် သူ့ကြောင့် ပုဆိုးတွေ ဗွက်ရေစင်သွားသည့် ကျောခိုင်းသွားသည့် ထီးအနီရောင်နှင့် ကောင်လေးကို ကြည့်ပြီး မိုးရေထဲကြောင်ရပ်နေမိသည်… မိုးရေကြောင့် နဂို တုတ်နေသည့် သူ့ပုဆိုးလေးကို ကိုယ်က ပိုပြီး တုတ်သွားစေသည်လား… တစ်ချက်တစ်ချက် တုတ်နေသည့် ပုဆိုးလေးကို မလိုက်သည့်အချိန် ပုဆိုးအနားကြောင့် သွေးစို့နေသည့် သူ၏ ခြေသလုံးအဖျားလေးတွေကို မြင်လိုက်ရချိန်…

ကားကို ဖြေးဖြေးလေး သူ့အနောက်နားက မောင်းရင်း နာကျင်နေသည့် သူ့ခြေသလုံးလေးတွေကို ငေးကြည့်နေမိသည်… မိမိ အတွေးတစ်ချက် က ပေါ့လျော့ပေမယ့် သူတစ်ပါးအတွက်တော့ ဒဏ်ရာ ဖြစ်သွားစေသည်ကို ဆင်ခြင်မိရင်း သူလေးကို ကျော်ကာ ကားကို မောင်းထွက်လိုက်တော့သည်…

နောက်တစ်ရက် သူ မနေ့ကအချိန်ကိုမှန်းကာ အင်းယားလမ်းကို မောင်းထွက်လာခဲ့သည်… ကားညာဖက်ကို မှီကာ ပလက်ဖောင်းကို မျက်နှာမူရင်း သူစောင့်နေမိသည်… ညနေငါးနာရီ ငါးမိနစ်လောက်တွင်တော့ ကျောင်းစိမ်းပုဆိုးနှင့် ကောင်လေးတစ်ယောက် လမ်းလျှောက်လာသည်…

ဖြတ်သွားသည့် ကျောင်းကားတွေပေါ်မှ ကျောင်းသားတွေဆီက ထိုကောင်လေးကို အော်ပြီး စသွားသံကို သူကြားနေရသည်…

“ကျောင်းကားမစီးနိုင်တဲ့ကောင်လေး ငါတို့ကားနဲ့လိုက်မလား” ဆိုသည့် စနောက်သွားသံတွေ… ထိုကောင်လေးကတော့ ခေါင်းကို ငုံ့ပြီး လမ်းကို သာ သွက်သွက်လျှောက်နေသည်… သူ့နားအရောက်တွင်တော့ သွက်သွက်လျှောက်နေသည့် ကောင်လေး၏ ပုဆိုးတုတ်သံ “ဗြုတ် ဗြုတ်” ဆိုသည့် အသံကို စည်းချက်ညီစွာ သူကြားနေရသည်… ဘယ်လောက်တောင် ရှက်ရှာလို့ ခြေသလုံးသားတွေ နာတာတောင် မသိဘဲ အမြန်လျှောက်နေသည် မသိ… ခြေသလုံးက အနာထက် သူ့ ရင်ထဲပိုနာနေမည်ကို မှန်းဆမိပါသည်…

သူ့ကို ကျော်သွားသည့် ကောင်လေးကို သူလှမ်းခေါ်လိုက်သည်… “ဟိတ် ထီးအနီလေး…”… လှည့် မကြည့်… “ဟိတ် ဟိတ်… ငါခေါ်နေတယ်လေ”… ဆိုပြီး သူ့လွယ်အိတ်ကို ပြေးဆွဲမှ သူရပ်သွားပြီး လှည့်ကြည့်သည်…

Falling in love with youDonde viven las historias. Descúbrelo ahora