အပိုင်း (၃၇)
ကျွန်တော်ခင်ဗျားကို လုပ်ချင်ပါတယ်။ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ထိုးပဲ ထိုးချင်နေတာ။
ခြူးမုယွင်က တွေးသည်။
ဤသည်မှာ ကိုးရိုးကားရား နိုင်လှသည်။
ခြူးမုယွင်က စိတ်ကို ငြိမ်အောင်လုပ်လိုက်သည်။ ထိုအခါမှ လင်းရွှမ်မှာ သန်မာရုံတင်မက ကောင်းကင်၏ ဩဇာအာဏာပင်ရှိကြောင်း၊ လင်းရွှမ်က ဤကိစ္စကို ကိုင်တွယ်ချင်ပါက သာမန်မျှ ဖြစ်မည်မဟုတ်ကြောင်း ခြူးမုယွင် သိလာသည်။
လင်းရွှမ်၏ ခေါင်းထဲ၌ ခံစားမှုဆိုသည်မရှိပေ။ ထို့ကြောင့် မည်သို့ ခံစားချက်များအကြောင်း စပြောနိုင်မည်နည်း။
သို့သော် ဤသည်မှာ အဆင်ပြေသည်။ လင်းရွှမ်၌ ခံစားမှု တစ်ခုမျှ မရှိပါက ခံစားမှုရှိလာအောင် ပြုလုပ်ရုံပင်။
ခြူးမုယွင်က လင်းရွှမ်နှင့် မိမိကြား အနည်းငယ်ကွာဝေးစေရန် နောက်သို့ ဆုတ်လိုက်သည်။
လင်းရွှမ်က ခြူးမုယွင်အား စိတ်၀င်တစား ကြည့်သည်။
ခြူးမုယွင်က စပြောသည်။
" ခင်ဗျား အထင်လွဲ နေပြီ။"
လင်းရွှမ်:" အို?"
ခြူးမုယွင်:" ကျွန်တော့မှာ အဲ့လို အတွေး မရှိဘူး။"
လင်းရွှမ်:" ခုနက စပြီးနမ်းတာ မင်းမဟုတ်ဘူးလား"
"ဟုတ်တယ်။"
"အဲ့ဒါဆို မင်းက......."
ခြူးမုယွင်က မိမိကိုယ်ကို ခနဲ့သည့်အနေဖြင့် ရီလိုက်သည်။
"ဒီခန္ဓာကိုယ်က လွယ်လွယ် စိတ်လှုပ်ရှားတက်တယ်။"
ဤသည်မှာ အကျိုးအကြောင်းမရှိသော စကားများမဟုတ်။သို့သော် လင်းရွှမ်၏ အသိဉာဏ်မှာ
" အဲ့ဒီတော့ မင်းပြောချင်တာက ရေခဲဝိညာဉ် သားရိုင်းကောင်တွေက တစ်ခါလောက်တိုက်ခိုက်တာနဲ့ စိတ်လှုပ်ရှားလာမယ်လို့ ပြောချင်တာလား?"
ရေခဲဝိညာဉ်သားရိုင်းကောင်များမှာ အလွန် sensitive ဖြစ်သည်မှာ အမှန်ပင်။ သို့သော် ထိုကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုးမှာ လူတစ်ဦးက လှုံဆော်မှသာ ထိန်းချုပ်ရန် ခက်ခဲပေးမည်။ တိုက်ပွဲတိုက်နေချိန်တွင်တော့ သွေးများသာ ဆူပွက်လာပေမည်။ စိတ်လှုပ်ရှားမှုအတွက်မှာတော့ မေးခွန်းထုတ်စရာတစ်ခုပင်။
YOU ARE READING
Need to Propose Seven Men! What to Do!? [မြန်မာဘာသာပြန်]
RomanceAuthor - 龙柒 (Long Qi) Alternate Title - 必须向七个男人求婚怎么破! Total Chapters - 279 Chapters Burmese Translation We do not own this novel. English Translation credited to Isohungry Translations! Read the detail of this novel in synopsis.