အပိုင်း(၃၄)
ဇီးရိုး:" သူတို့ကချတော့မှာလား?"
ခြူးမုယွင်:" ဂျွင်မော့က လင်းရွှမ်ကို မနိုင်ဘူး။"
ဇီးရိုး:" ဒီတိုက်ပွဲအရူးကို နိုင်တဲ့လူကော တကယ်ရှိလို့လား?"
ခြူးမုယွင် သေသေချာချာ စဉ်းစားနေသည်။
" အစားကျူးတာကို ကိုယ်စားပြုတဲ့အရှင်ကတော့ ဖြစ်နိုင်လောက်တယ်။"
ဇီးရိုး:" အဲ့လိုဆိုရင် ဘာလို့ လင်းရွှမ်က သူ့ကို မရှာတာလဲ......"
စကားတစ်၀က်၌ ဇီးရိုးကလေး ရပ်သွားသည်။
ခြူးမုယွင်:" ဟင်"
ဇီးရိုး:" ဟုတ်ပြီ။ ကျွန်ဝောာ် ပေါပေါတောတော အမှားတစ်ခု လုပ်မိပြီ။"
ခြူးမုယွင်:" စိတ်မပူပါနဲ့။ မင်းရဲ့ အဲ့ဒီ ရိုးရှင်းတာနဲ့ ဟန်မဆောင်တက်တာကို ငါကြိုက်တာ။"
ဇီးရိုး:"......."
ချီးမွှမ်းတာလား? ဒါပေမဲ့ အဲ့လို မထင်ရသလိုပဲ QAQ
လင်းရွှမ်၏ ရုတ်တရက် အကြံပြောင်းလဲမှုမှာ သည်းခံရခက်သည်။ သို့သော် ဂျွင်မော့အတွက်မူ ဤအဆင့်ကဲ့သို့သော စိတ်ဆွခြင်းမှာ ဂရုစိုက်စရာမလိုသော အဆင့်ဖြစ်သင့်ပေသည်။ နည်းလမ်းသုံးသွယ်ကို လိုက်နာနေသောသူတစ်ယောက်အနေဖြင့် ကိစ္စသေးသေးကလေးပင်မပြောနှင့် ယခုအချိန်၌ကောင်းကင်ပြိုကျလျှင်ပင် မျက်တောင်တစ်ချက်ခတ်မည်မဟုတ်။
သို့သော် မည်သို့ပင်ဖြစ်စေ.........ယခုအခါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အရာ ဖြစ်လာသည်။
ဂျွင်မော့:"ခင်ဗျားရဲ့ စွမ်းအားကို ကန့်သတ်ပေးနိုင်တဲ့ ဆေးလုံးလေ။ ငါ တစ်အိုးစာလောက် လုပ်ပေးနိုင်တယ်။"
လင်းရွှမ်၏ မျက်ခုံးများ မြင့်တက်လာသည်။
ဆေးလုံးများများရလေ လင်းရွှမ်အတွက် ပို၍ ကောင်းလေလေဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ထို့ပြင် လင်းရွှမ်၏ ယခု စွမ်းအားအဆင့်အား ဆေးလုံးတစ်လုံးတည်းက လျှော့ချနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုစွမ်းအားကို ပြန်မြှင့်ရန်မှာ လင်းရွှမ်အတွက် အလွယ်ဆုံးဖြစ်သည်။တိုက်ပွဲ နှစ်ခု သုံးခု အတွင်း၌ပင် နတ်ဘုရားအတွင်းအားအဆင့်သို့ ပြန်ရောက်သွားနိုင်သည်။ ထိုအခါတွက် လင်းရွှမ်မှာ မိမိအား ရှုံးစေမည့် တစ်စုံတစ်ယောက်အား ဆုတောင်းနေပေလိမ့်မည်။
YOU ARE READING
Need to Propose Seven Men! What to Do!? [မြန်မာဘာသာပြန်]
RomanceAuthor - 龙柒 (Long Qi) Alternate Title - 必须向七个男人求婚怎么破! Total Chapters - 279 Chapters Burmese Translation We do not own this novel. English Translation credited to Isohungry Translations! Read the detail of this novel in synopsis.